Pages

Saturday, November 22, 2014

ငွေလဲကောင်တာများကို ဗဟိုဘဏ်ဝင်ထိန်း၍ ဒေါ်လာဈေးအနည်းငယ်ပြန်ကျ

RangonNewsDaily:: November . 22 .2014
အမေရိကန်ဒေါ်လာနှုန်း မြင့်တက်နေချိန်တွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ငွေလဲကောင် တာများ၏ ရောင်းဈေးကို ၀င် ရောက် ထိန်းချုပ်လိုက်ခြင်း ကြောင့် ဈေးနှုန်းများပြန်လည်ကျ ဆင်းသွားကြောင်း သတင်းရရှိ သည်။
ဗဟိုဘဏ်က နိုဝင်ဘာ ၁၉ ရက်တွင် ဘဏ်လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံပြီး နောက်တစ် ရက်တွင် ပုဂ္ဂလိက ငွေလဲကောင် တာများကို သတ်မှတ်နှုန်းထား အတိုင်းသာ ရောင်းချရန် ညွှန် ကြားလိုက်ခြင်းဖြစ်သည်။

‘‘ဒေါ်လာဈေးတွေက မနက် ကလည်း ဆက်တက်နေတာ။ တစ်ဒေါ်လာ ၁,၀၈၀ အထိရောက် သွားပြီးမှ ဗဟိုဘဏ်က စာထုတ် လိုက်လို့ ဈေးကပြန်ကျသွားတာ’’ ဟု ပုဂ္ဂလိက ငွေလဲကောင်တာ တစ်ခုမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
::
ကန်ဒေါ်လာလဲနှုန်းသည် နိုဝင်ဘာ ၂၀ ရက် နံနက်တွင် တစ်ဒေါ်လာလျှင် ၁,၀၈၀ ကျပ်ရှိရာမှ ၁,၀၅၂ ကျပ်သို့ ပြန်လည်ကျဆင်းသွားပြီဖြစ်သည်။

ညွှန်ကြားချက်တွင် ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားများကို ဆိုင်းဘုတ်တင်ရောင်းချခြင်းမပြုလုပ်ပါက အရေးယူသွားမည်ဆိုသည့် အချက်လည်း ပါဝင်ကြောင်း သိရသည်။
::
ယင်းသို့ သတ်မှတ်လိုက် သောကြောင့် လုပ်ငန်းရှင်အချို့ နှင့် ငွေလဲကောင်တာများ အရှုံးပေါ်သွားကြောင်း ငွေကြေးလုပ် ငန်းရှင်အချို့ကပြောသည်။

ဗဟိုဘဏ်၏ နိုဝင်ဘာ ၂၀ ရက်သတ်မှတ်နှုန်းသည် ၀ယ်ဈေး ၁,၀၄၄ ကျပ်နှင့် ရောင်းဈေး ၁,၀၅၂ ကျပ်ဖြစ်သည်။
ပြင်ပငွေလဲကောင်တာများ ၌ သတ်မှတ်ချက်များ ပြုလုပ် သော်လည်း ဘဏ်ကောင်တာ များပေါ်တွင် ထိန်းချုပ်ခြင်း မပြု လုပ်ပါက ကန်ဒေါ်လာဈေးနှုန်း များ ပြန်တက်လာနိုင်ကြောင်း အဆိုပါ ဈေးကွက်မှ လုပ်ငန်းရှင်များက ပြောသည်။
::
အကယ်၍ ငွေလဲကောင်တာများကို ယခုကဲ့သို့ ဗဟိုဘဏ်က ၀င်ရောက်ထိန်းချုပ်ခြင်းမပြုလုပ် ခဲ့ပါက နိုဝင်ဘာ ၂၀ ရက် ဒေါ်လာ ဈေးနှုန်းများမှာ ၁,၁၀၀ ကျပ်ထိ မြင့်တက်သွားနိုင်ကြောင်း ငွေလဲ ကောင်တာ လုပ်ငန်းရှင်များက ပြောသည်။
‘‘ဘဏ်တွေက အခုလည်း ထုတ်မရောင်းဘူး’’ဟု ငွေဈေး ကွက်မှ လုပ်ငန်းရှင်များကပြော ကြားသည်။
::
ကုန်သွယ်ရေးတွင် လိုငွေပြ နေပြီး ပြည်ပနိုင်ငံကြီးအချို့မှ ရင်းနှီးမြှုပ်နှံမှုများသည် လာမည့် ရွေး ကောက်ပွဲပြီးမှသာ ၀င်ရောက်ရန် ချိန်ဆနေချိန်၌ ပြည်တွင်း၌ ကန်ဒေါ်လာတန်ဖိုး တစ်ရှိန်ထိုး မြင့် တက်ခြင်းမှာ အခြေခံလူတန်းစား များအတွက် ကုန်ဈေးနှုန်းကြီးမြင့် မှုဒဏ်ကိုသာ ခံရစေကြောင်း စီး ပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
::
ဟွန်ဒီဈေးကွက်၏ ငွေဈေး နှုန်းမှာလည်း ကြီးမားနေသည့် အတွက် အမေရိကန်ဒေါ်လာ တန်ဖိုးဆက်တိုက်မြင့်မားနေမှုကို ဗဟိုဘဏ်အနေဖြင့် လွတ်လပ်ပွင့် လင်းစွာ ကြားဝင်ထိန်းသိမ်းရန် လိုအပ်ကြောင်း ကမ္ဘောဇဘဏ်အကြီးတန်းအကြံပေးဦးသန်းလွင် ကပြောကြားသည်။

7day ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment