Pages

Saturday, November 22, 2014

Firefox ၏ default search engine ကို Yahoo သို့ ပြောင်းလဲမည်ဟု Mozilla ကြေညာ

RangonNewsDaily:: November . 22 .2014
အမေရိကန်ရှိ သုံးစွဲသူများအတွက် default search engine ကို Yahoo သို့ ပြောင်းလဲမည် ဖြစ်ကြောင်း Mozilla မှ ကြေညာခဲ့သည်။
ကုမ္ပဏီ၏ blog တွင်မူ Google သည် Firefox ၏ global search default အနေဖြင့် ၂၀၀၄ ခုနှစ်ကတည်းက လက်တွဲခဲ့ကြောင်း၊ ယခုနှစ်တွင် မိမိတို့၏ သဘောတူညီချက်ကို အသစ် ပြန်လည်ပြင်ဆင်ခဲ့ကြောင်းနှင့် ကုမ္ပဏီအနေဖြင့် အများနှင့် ယှဉ်ပြိုင်နိုင်မည့် နည်းဗျူဟာကို သုံးသပ်ပြီး အခွင့်အရေးတစ်ခုကို ရယူခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Yahoo သည် ဒီဇင်ဘာလ အစောပိုင်းက အမေရိကန်၏ default search engine ဖြစ်လာခဲ့သည်။ ရုရှားနိုင်ငံတွင်မူ Yandex က default search engine ဖြစ်လာပြီး တရုတ်နိုင်ငံတွင်မူ Baidu က default search engine အဖြစ် ဆက်လက်ရှိနေခဲ့သည်။

Yahoo သည် Firefox တွင် Do Not Track feature ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း Mozilla မှဆိုခဲ့သည်။
::
Yahoo ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရိချုပ် ဖြစ်သူ မာရီဆာမေယာက ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတို့၏ ရှာဖွေမှုများကို ပိုမိုကျယ်ပြန့်စေရန် အထောက်အကူပြုနိုင်မည် ဖြစ်သလို Mozilla နှင့် နီးကပ်စွာ လက်တွဲ ဆောင်ရွက်ခွင့်ရခြင်းကြောင့် ရှာဖွေမှု၊ ဆက်သွယ်မှုနှင့် ဒီဂျစ်တယ် content တွင် တီထွင်ဆန်းသစ်သည့် နည်းလမ်းများကို ရှာဖွေနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခင်က Google သည် Firefox ၏ default search engine ဖြစ်ရန်အတွက် Mozilla ကို ငွေကြေးထောက်ပံ့ပေးခဲ့သည်။ သို့ရာတွင် ကုမ္ပဏီအနေဖြင့် global default search engine အတွက် သဘောတူညီမှု ဆက်လက်မပြုလုပ်ရန် ဆုံးဖြတ်ခဲ့သော်လည်း Google အနေဖြင့် pre-installed search option တစ်ခုအနေဖြင့် ဆက်လက်ရှိနေမည်ဟု Mozilla မှ ပြောကြားခဲ့သည်။
::
သို့သော်လည်း ရွေးချယ်ထားသည့် default search engine ကို အသုံးပြုသူများ အတွက် Yahoo ထံ default အနေဖြင့် အလိုအလျောက် ပြောင်းလဲခြင်း ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

Ref: TNW ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment