Pages

Friday, November 21, 2014

ကြံခိုင်သွယ်လျသော ခန္ဓာကိုယ်ပိုင်ရှင် တင်းနစ်ချန်ပီယံ ရှာရာပိုဗာ၏ လျှို့ဝှက်ချက်


RangonNewsDaily:: November . 20 .2014
အားကစားသမား တစ်ဦးဖြစ်တဲ့ ရှာရာပိုဗာဟာ ပြိုင်ပွဲတွေမှာ မကစားခင် ကိုယ်ပိုင်လေ့ကျင့်နည်းတွေကို ယူလေ့ ရှိပါတယ်။ ဝင်ငွေအကောင်းဆုံး တင်းနစ်ချန်ပီယံ တစ်ဦးရဲ့ တာဝန်တွေက မလွယ်လှပါဘူးလို့ သူမက ဝန်ခံထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နေဟန်ထား စမတ်ကျကျရှိဖို့ဆိုတာ အားကစားပြိုင်ပွဲမှာ အနိုင်ရရှိဖို့လိုပဲ အရေးကြီးတဲ့ အချက်ဖြစ်
ပါတယ်။ ရှာရာပိုဗာဟာ သူ့ခန္ဓာ ကိုယ်ဘာကြောင့် ကြံ့ခိုင်သွယ်လျပြီး စမတ်ကျနေရသလဲဆိုတဲ့ အကြောင်းလျှို့ဝှက်ချက် ၁၀ ရပ်ကို Shape မဂ္ဂဇင်းမှာ အောက်ပါအတိုင်း ရှင်းပြထားပါတယ်။

၁။ ပုံမှန် လေ့ကျင့်ခန်းတွေ လုပ်ရပါတယ်

တင်းနစ်ကစားတဲ့ လေ့ကျင့်ခန်းတွေကို မလုပ်ချင်တဲ့ အချိန်တွေ အများကြီး ရှိခဲ့ပေမယ့်လည်း ဘယ်နည်းနဲ့ဖြစ်ဖြစ် ပုံမှန်လေ့

ကျင့်ဖြစ်အောင် ကြိုးစားယူခဲ့ပါတယ်လို့ ရှာရာပိုဗာက ဆိုပါတယ်။ 

တင်းနစ်ချန်ပီယံ တစ်ဦးဖြစ်လာရမယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရရှိဖို့ အလွန်အမင်း အားထုတ်ခဲ့ရတာမျိုး မရှိဘဲ ကြိုတင်ပြင်ဆင် လေ့ကျင့်ခန်းလုပ်တာကသာ သူမရဲ့ ယုံကြည်မှုဖြစ်ထွန်းစေတဲ့ လက်နက်ကောင်း တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲ မကျင်း
ပခင်မှာ သူမဟာ တင်းနစ်ကွင်းထဲမှာ တစ်ပတ်ခြောက်ရက်လောက် မိနစ် ၃၀ ပုံမှန် လေ့ကျင့်ခဲ့ပါတယ်။ ဒါကြောင့်ပြိုင်ပွဲမှာ သွေးပူပြီးသား ဖြစ်နေတာပါ။

၂။ တခြား ကိုယ်လက်လှုပ်ရှားမှုတွေကိုလည်း လုပ်ဆောင်ပါတယ်

တင်းနစ် အားကစား တစ်ခုတည်းကိုပဲ လုပ်ဆောင်ရတာ ပျင်းစရာ ကောင်းပါတယ်။ စိတ်တက်ကြွမှု ရှိစေဖို့ တခြား ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်လေ့ကျင့်ခန်း အစီအစဉ်ထဲမှာ ထည့်သွင်း လုပ်ဆောင်လေ့ရှိတယ်လို့ ရှာရာပိုဗာက ဆိုပါတယ်။


 ယောဂကျင့်တာနဲ့ စက်ဘီးစီးတာတွေကို တစ်လှည့်စီ လုပ်ဆောင်လေ့ ရှိသလို ဝါသနာအရ ကခုန်လေ့ ရှိပါတယ်။ ကခုန်တာနဲ့ လေ့ကျင့်ခန်းရောပြီး လုပ်ဆောင်ရတဲ့ Salsa Dancing ဟာ ခန္ဓာကိုယ် အလယ်ပိုင်းကို ကြံ့ခိုင်စေတာကြောင့် ဝမ်းဗိုက်ကြွက်သားတွေကို သန်စွမ်းစေတယ်လို့ သူမက ရှင်းပြပါတယ်။

၃။ ခန္ဓာကိုယ်ကို အနားပေးလေ့ ရှိပါတယ်

လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရရှိတာမျိုးကို ဘယ်တော့မှ ခွင့်မပြုသင့်ပါဘူး။ တကယ်တော့ ဘယ်လို လှုပ်ရှားမှုမျိုးမဆို ခန္ဓာကိုယ်ကို အကာအကွယ် ပေးနိုင်ရပါမယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီး ပင်ပန်းနေရင် Spa သွားတာ၊ အနှိပ်ခံတာ၊ ရေကူးတာ စတဲ့ နည်းတွေနဲ့ ပြန်လည်ကုသမှု ပေးရပါမယ်။ ဒီနည်းတွေက ခန္ဓာကိုယ်ဖိအားကို လျှော့ချတဲ့ နည်းတွေပါ။

၎။ အကောင်းမြင်တတ်တဲ့ သူတွေရဲ့ အားပေးမှုကို ရယူပါတယ်

စိတ်အားထက်သန်အောင် ကူညီမှု၊ အားပေးမှုနဲ့ ထောက်ပံ့မှုတို့ ရရှိတဲ့သူတွေက စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခံနိုင်သူတွေ များပါတယ်။ ကိုယ်လုပ်နေတဲ့ အစားအသောက် ပုံစံ ဒါမှမဟုတ် လေ့ကျင့်ခန်း ပုံစံတွေကို ရှုံ့ချလေ့ရှိတဲ့သူတွေကို ရှောင်ပါ။ ရှာရာပိုဗာကတော့ သူမကို ထောက်ခံ အားပေးတတ်တဲ့ သူတွေဟာ သူ့ဖခင်၊ နည်းပြနဲ့ ချစ်သူငယ်ချင်းတွေဖြစ်တယ်လို့ ဝန်ခံ ရှင်းပြထားပါတယ်။

၅။ အသားအရေကို ဂရုစိုက်ပါတယ်

ငယ်ရွယ်ပြီး ကျန်းမာနေတဲ့ အချိန်မှာ အသားအရေကို ထိန်းသိမ်းပါ။ အသားအရေကို နေကာခရင်မ်လိမ်းပြီး အဓိက ကာကွယ်တယ်လို့ ရှာရာပိုဗာက ဆိုပါတယ်။ သူမက တင်းနစ်ချန်ပီယံ တစ်ဦးဖြစ်တာကြောင့် သူ့အသားအရေဟာ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှု ရှိလို့ပါ။ အသားအရေကို မကာကွယ်ဘဲ ဘယ်တော့မှ အပြင်ထွက်လေ့ မရှိပါဘူးလို့လည်း သူမက ဆိုပါတယ်။

၆။ ဘယ်တော့မှ အစားလျှော့တဲ့နည်းကို မသုံးပါဘူး

အရသာကောင်းပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကြိုက်နှစ်သက်တဲ့ ရှာရာပိုဗာက တစ်နေ့မှာ သုံးကြိမ်စလုံး ကောင်းကောင်းစားတယ်လို့ ဆိုပါတယ်။ သူ့အလုပ်က ခန္ဓာကိုယ် သန်စွမ်းနေဖို့ လိုအပ်တာကြောင့် ဖြစ်တယ်လို့ ရှင်းပြပြီး အစာစားတိုင်း ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းကို ညီညွတ်မျှတအောင် ထည့်စားတယ်လို့ ဆိုပါတယ်။ သရေစာအဖြစ် သစ်သီးတွေ စားလေ့ ရှိပါတယ်။

၇။ ကိုယ်ပိုင်ပန်းတိုင်တွေ ချမှတ်ထားပါတယ်

သူမ အမြဲတက်ကြွပြီး လန်းဆန်းနေရတဲ့ အချက်က လုပ်သမျှ အရာရာတိုင်းကို သဘောကျလို့ပါတဲ့။ ပြီးတော့ ချမှတ်ထားတဲ့ ပန်းတိုင်တွေ ရောက်ဖို့ဆိုရင် လုံလောက်တဲ့ လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်တတ်တဲ့ အချက်ကလည်း ယုံကြည်မှု ရှိစေတဲ့ အချက်ပါ။ ရှာရာပိုဗာက သူချမှတ်ထားတဲ့ ပန်းတိုင်တွေဆီ အရောက်လှမ်းရာမှာ ခိုင်မာတဲ့ ယုံကြည်ချက်တွေ ရှိနေပါတယ်။

၈။ အမြဲတမ်းတော့ အောင်မြင်မှု မရနိုင်ဘူးဆိုတဲ့ အချက်ကို လက်ခံထားပါတယ်

ရှုံးနိမ့်မှုအတွက် ဘယ်တော့မှ စိတ်ဓာတ်ကျလေ့ မရှိပါဘူး။ ရှုံးနိမ့်မှုကနေ သင်ခန်းစာ ယူတတ်ရင် နောက်ပြိုင်ပွဲမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုကို ရရှိလိမ့်မယ်ဆိုတဲ့ ခံယူချက်ကို ထားရှိကြောင်း ရှာရာပိုဗာက ဆိုပါတယ်။

၉။ ပြည့်ဝတဲ့ အောင်နိုင်သူတစ်ဦး အဖြစ် ရပ်တည်ပါတယ်

ပြိုင်ပွဲမှာ အနိုင်ရတဲ့အခါတိုင်း ရှာရာပိုဗာက သူ့ပြိုင်ဖက်ကို ဘယ်တော့မှ ဝေဖန်လေ့ မရှိသလို ကိုယ်အရည်အချင်းနဲ့ ပတ်သက်ပြီး ကြွားဝါနေတာမျိုးလည်း မရှိပါဘူး။ ဒါက တင်းနစ်ချန်ပီယံအဖြစ် ရပ်တည်နေနိုင်တဲ့ ရွှေရောင်စည်းမျဉ်းတစ်ရပ်လို့ ခံယူထားပါတယ်။ တကယ်လို့ ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ရင်လည်း ဒီလိုမျိုးပဲ နေလေ့ ရှိပါတယ်။

၁၀။ အရာရာကို ဟန်ချက်ညီအောင် နေထိုင်ပါတယ်

တင်းနစ်ချန်ပီယံ တစ်ဦးအဖြစ် လုပ်ကိုင်နေချိန်မှာ လူမှုရေးအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်း တာဝန်တွေအကြား ဟန်ချက်ညီအောင် နေနိုင်မှ ည Fan ပရိသတ် တိုးနေမှာ ဖြစ်တယ်ဆိုတဲ့ အချက်ကို သင်ခန်းစာရခဲ့ကြောင်း ရှာရာပိုဗာက ဆိုပါတယ်။ တင်းနစ် ချန်ပီယံအဖြစ် ရပ်တည်နိုင်ရတဲ့ လျှို့ဝှက်ချက်က သူ့ဘဝနဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တွေကို ထိန်းချုပ်နေနိုင်တာကြောင့် ဖြစ်တယ်လို့ သူ့လျှို့ဝှက်ချက်ကို ပြောပြခဲ့ပါတယ်။


ဇွန် , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment