Pages

Friday, November 21, 2014

ရန်ကုန်မြို့တော်ရှိ လေလွင့်ခွေး တစ်သောင်းခုနစ်ထောင် သုတ်သင်ခံရ

RangonNewsDaily:: November . 20 .2014
ရန်ကုန်မြို့တော်အတွင်း လေ့လွင့်ခွေး ပေါက်ဖွားမှုနှင့် ခွေးကိုက်ခံရမှုများ လျော့နည်းစေရန် လေလွင့်ခွေး သုတ်သင်ရှင်းလင်းရေး လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဧပြီလကုန်ပိုင်းမှ အောက်တိုဘာလကုန်အထိ လေလွင့်ခွေး ၁၇၀၀၀ ကျော် သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာနမှ အကြီးတန်း အရာရှိတစ်ဦး ပြောကြားသည်။
“ခွေကိုက်ခံရလို့ ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေ လျော့ကျအောင် ရှင်းလင်းရတာပါ။ ခရိုင်လေးခုလုံး ပေါင်းရင် တစ်လကို ရှင်းလင်းအကောင်အရေ ၂၅၀၀ ဝန်းကျင်လောက်အထိ ရှိပါတယ်” ဟု ၎င်းက ရှင်းပြသည်။

လေလွင့်ခွေးများ ရှင်းလင်းမှုအပြင် ရောဂါပြန့်ပွားစေနိုင်သော ကြွက်နှင့် ကျီးကန်းများကိုလည်း သုတ်သင်ရှင်းလင်းလျက်ရှိပြီး ခြောက်လအတွင်း ကြွက်ကောင်ရေ ၂ သိန်းကျော်နှင့် ကျီးကန်းအကောင်ရေ ၄၀၀၀ ကျော်ကိုလည်း၊ အစာအဆိပ်ချကာ ရှင်းလင်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ကြွက်၊ ကျီးကန်းနှင့် လေလွင့်ခွေးများကို အပတ်စဉ် ပုံမှန်ရှင်းလင်းလျက် ရှိပြီး ခရိုင်အလိုက် တာဝန်ခံအဖွဲ့ တစ်ခုစီက တစ်ပတ်လျှင် နှစ်ရက်မှ သုံးရက် ရှင်းလင်းလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများဌာနက ထုတ်ပြန်ထားသည်။

TheVoice , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment