Pages

Friday, November 21, 2014

အပျိုစင် ရောင်းဝယ်ခြင်း လုပ်ငန်း

RangonNewsDaily:: November . 20 .2014
ကမ္ဘောဒီးယားနိုင်ငံ မှာတော့ အပျိုစင် တစ်ဦးဟာ ရွှေထက် တန်ဖိုးကြီးမားတယ်လို့ ဆိုထားကြ ပါတယ်။ မြို့တော် ဖနွမ်းပင်မှာ ချမ်းသာ ကြွယ်ဝ သူတွေဟာ အပျိုစင်တွေကို ငွေကြေး မြောက်မြားစွာ ပေးဝယ်လေ့ရှိကြ ပါတယ်။
အပျိုစင်နဲ့ အဖော်ပြု လုပ်ရခြင်းကို ဂုဏ်ယူလေ့ ရှိတဲ့ အစဉ် အလာကြောင့် အပျိုစင် ရောင်းဝယ်ခြင်း လုပ်ငန်းဟာ ကမ္ဘောဒီးယားမှာ သာမက အာရှ နိုင်ငံတွေ မှာပါ စီးပွားရေး လုပ်ငန်းကြီး တစ်ခုသဖွယ် တည်ရှိ နေတာဖြစ်ပါတယ်။ ငွေကြေးကြောင့် အပျိုစင် ဘ၀ကို ရောင်းထုတ်ခဲ့ ရတဲ့ အမျိုးသမီးတွေ အများအပြား ရှိခဲ့ပါတယ်။ 

အဲဒီ အမျိုးသမီး အများစု ကလည်း အပျိုစင်ဘ၀ကို ငွေကြေးနဲ့ လဲလှယ် ပြီးတဲ့နောက် ဆိုးရွားလှတဲ့ ပြည့်တန်ဆာ ဘ၀ကို ရောက်သွားလေ့ ရှိတယ်လို့ ဆိုထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ အပျိုစင်ဘ၀ ရောင်းဝယ်နေမှုကို မော်ဒယ်တစ်ဦး ဖြစ်တဲ့ ဂျော်ဒီမာ့ရှ်က ဖော်ထုတ် တင်ဆက်မှု ပြုလုပ်ခဲ့ ပါတယ်။ အသက် (၃၅)နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဂျော်ဒီမာ့ရှ်ဟာ မော်ဒယ်တစ်ဦး မဖြစ်မီ သူ့ဘ၀ကို ရောင်းချခဲ့ ဖူးသူ ဖြစ်ပါတယ်။


 ဂျော်ဒီမာ့ရှ်ဟာ အပျိုစင် ဘ၀ကို ရောင်းချခဲ့ ဖူးတဲ့ အသက် (၂၃) နှစ်အရွယ် ဆူခွန်နဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့ ပါတယ်။ ဆူခွန်ဟာ အပျိုစင် ဘ၀ကို ရောင်းချပြီး နာမကျန်း ဖြစ်နေတဲ့ ဖခင်ကြီး ကို ဆေးကုသမှု ပြုလုပ်ပေးခဲ့ ပါတယ်။ ဒါပေမဲ့ ဆူခွန်ရဲ့ဘ၀က ဆိုးရွားခဲ့ပြီး အပျိုစင်ဘ၀ ဆုံးရှုံး ပြီးတဲ့နောက် ပြည့်တန်ဆာ အဖြစ် ရောက်ရှိ သွားခဲ့ပါ တယ်။ ဆူခွန်က အပျိုစင်ဘ၀ ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်ကို အခုလို ပြန်ပြောင်း ပြောဆိုခဲ့ပါတယ်။

ကျွန်မရဲ့ အဖေ နေမကောင်းတဲ့ အကြောင်းကြား သိပြီး တဲ့နောက် တစ်ခုခု လုပ်ဖို့ ဆုံးဖြတ် ခဲ့ရပါတယ်။ ကျွန်မ အနေနဲ့ ဘာကိုမှ အကူအညီ တောင်းခံစရာ မရှိတာမို့ နောက်ဆုံးမှာ အပျိုစင် ဘ၀ကို ရောင်းထုတ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဒီအဖြစ်အပျက်က ပြီးခဲ့တဲ့ သုံးနှစ်က ဖြစ်ပြီး ကျွန်မ အသက် (၂၀) နှစ်ပဲ ရှိပါတယ်။ 


တရုတ် အမျိုးသား တစ်ဦးက ကျွန်မရဲ့ အပျိုစင် ဘ၀ကို ဒေါ်လာ(၃၀၀၀) နဲ့ ၀ယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်မကို စားသောက်ဆိုင် အရင်ခေါ်သွား ပါတယ်။ ဒီနောက် ဟိုတယ်ကို ခေါ်သွားခဲ့ပါတယ်။ ကျွန်မက အ၀တ်အစားတွေ လုံးဝမချွတ်ဘူးလို့ တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် မျက်နှာ သုတ်ပ၀ါပတ်ခွင့် ရရှိခဲ့ပါတယ်။ ကျွန်မအသား တွေလည်း တဆတ်ဆတ်တုန်နေခဲ့ ပါတယ်။ ကျွန်မစိတ်ထဲမှာ ငွေကြေးကြောင့် လုပ်ရ တာလို့ပဲ တွေးတောနေခဲ့ ပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့ အပျိုစင်ဘ၀ကို ရောင်းထုတ်ခဲ့ရလို့ ၀မ်းနည်းမဆုံး ဖြစ်ခဲ့ပါတယ် လို့ ဆူခွန်က ဆိုခဲ့ပါတယ်။

ဆူခွန်က အပျိုစင်ဘ၀ ဆုံးရှုံးပြီးတဲ့ နောက် မိသားစု အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့ ဘ၀က နေ ရုန်းထွက် နိုင်ခြင်း မရှိပါဘူး။ ဆူခွန်ရဲ့ ဖခင်ဟာ သမီးဖြစ်သူ လုပ်ရပ် အတွက် ၀မ်းနည်းမဆုံး ဖြစ်ခဲ့ရပါတယ်။ ဆူခွန်ရဲ့ ဖခင်က ကျွန်တော့် အနေနဲ့ စိတ်ဆိုးခြင်း၊ ၀မ်းနည်းခြင်း တစ်ပြိုင်တည်း ဖြစ်ပေါ်စေပါတယ်။ 


ဒါပေမဲ့ ရွေးချယ်စရာ မရှိတဲ့ ဘ၀မှာ ဖြစ်ပြီး သမျှကို နားလည်ဖို့ လိုပါတယ်။ ကျွန်တော် ဒေါသထွက်မိ တာက ပြည့်တန်ဆာခေါင်းတွေ ဖြစ်ကြပါတယ် လို့ ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားမှာ ပြည့်တန်ဆာခေါင်းတွေကို မားမားဆန် လို့လည်းခေါ် ကြပါတယ်။ မားမားဆန်တွေဟာ အပျိုစင် ရောင်းဝယ်မှုမှာ အဓိက ပဲ့ကိုင်ရှင်တွေ ဖြစ်ကြပါတယ်။

 ဖောက်သည်တွေ လိုချင်တဲ့ အရာကို ရှာဖွေပေးပြီး နှစ်ဦးစလုံးဆီက အခေကြေးငွေ ရယူလေ့ရှိ ပါတယ်။ မားမားဆန် တစ်ဦးက သူ့ အနေနဲ့ ဒီလိုလုပ်တာ ဆိုးရွားကြောင်း သိရှိသော်လည်း ငွေကြေးကြောင့် လုပ်နေရခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ပြည့်တန်ဆာ လုပ်ငန်းဟာ ကြီးထွား နေပြီး ဒီလုပ်ငန်း လုပ်ကိုင် သူ (၅၀၀၀၀) ကနေ (၇၀၀၀၀) အထိရှိနေ ကာ အဲဒီ ထဲက (၄၀) ရာခိုင်နှုန်းဟာ အသက် မပြည့်သူတွေ ဖြစ်ပါတယ်။ ကလေးသူငယ်တွေ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေခြင်းကို ကာကွယ်ပေးတဲ့ အဖွဲ့ အစည်း တွေရှိနေပေမယ့် လူဆိုးဂိုဏ်း ပုံစံ ဖွဲ့စည်းထားတဲ့ မားမားဆန် အချို့ရဲ့ လုပ်ရပ်ကြောင့် လုပ်ငန်း လုပ်ဆောင်ရာမှာ အဟန့်အတား ဖြစ်နိုင်တယ် လို့ သိရပါတယ်။ 


အချို့ အချိန်တွေမှာ သေနတ်နဲ့ ပစ်သတ်မယ့် အထိ ခြိမ်းခြောက်မှု ရှိနေတာမို့ အပျိုစင် ရောင်းဝယ်ခြင်း လုပ်ငန်းက တားဆီး ဖို့ခက်နေ ဦးမှာ ဖြစ်ပါတယ်။

messenger , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment