Pages

Friday, November 21, 2014

စိုးပြည့်သဇင် အချစ်ကို ရှာဖွေတွေ့ရှိပြီ


RangonNewsDaily:: November . 20 .2014
အကယ်ဒမီ ရုပ်ရှင်မင်းသမီး စိုးပြည့်သဇင်က သူ့ရဲ့ ဒုတိယမြောက် သီချင်းအယ်လ်ဘမ်ဖြစ်တဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်းကို နိုဝင်ဘာ ၁၇ရက်နေ့က စင်ထရယ်ဟိုတယ်မှာ မိတ်ဆက်ခဲ့ပါတယ်။ အချိန် ၇လယူပြီး ပြင်ဆင်ခဲ့တဲ့ စိုးပြည့်သဇင် အချစ်ကို ဘယ်လိုရှာဖွေတွေ့ခဲ့တာလဲ။
သီချင်း ၁၃ပုဒ်ပါဝင်တဲ့ ဒီအယ်လ်ဘမ်မှာ သီချင်းတွေက နည်းနည်းခက်လို့ အသံပိုင်းနဲ့ပတ်သက်ပြီး သေသေချာချာ ပြင်ဆင်ထားရတယ်လို့ စိုးပြည့်သဇင်က ပြောပါတယ်။ ဝါသနာပါလို့ သရုပ်ဆောင်ရော အဆိုတော်ပါလုပ်နေပေမယ့် ပင်ပန်းတယ်လို့ မယူဆဘဲ အခက်အခဲတွေ ရှိခဲ့ပေမယ့် ပရိသတ်ကို အားပေးစေချင်တယ်လို့ သူက ဆိုပါတယ်။

ဒီသီချင်းအယ်လ်ဘမ်ရဲ့ Music Video ကိုတော့ လာမယ့် ၂ဝ၁၅ကျမှ ရိုက်ကူးမယ်လို့ ဆိုပါတယ်။ 


စိုးပြည့်သဇင်ရဲ့အစ်မတစ်ဝမ်းကွဲ စန္ဒီမြင့်လွင်က သူ့ရဲ့ ကလီယိုပတ်ထရာ သီချင်းခွေထုတ်ဖို့ ကြိုးစားနေရင်း ညီမဖြစ်သူ ဖိတ်ခေါ်လို့ ရောက်လာတဲ့အကြောင်း ပြောပြပါတယ်။ နဂိုကတည်းက နာမည်ရှိပြီး အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်တာမို့ စိုးပြည့်သဇင်အတွက် ဒီသီချင်းအယ်လ်ဘမ်ဟာ ပရိသတ်ကြားထဲ အောင်မြင်မယ်လို့ သူကဆိုပါတယ်။

စိုးပြည့်သဇင်ရဲ့ အချစ်ကိုရှာဖွေတွေ့ရှိခြင်း သီချင်းအယ်လ်ဘမ်မှာ တေးရေး မင်းချစ်သူ၊ ဇဝါ၊ မိုးမိုး၊ ညီမင်းခိုင်နဲ့ နှလုံးသားတို့က ရေးဖွဲ့ထားပြီး Iron Crossက ချစ်စမ်းမောင်က Section Player အဖြစ် ပါဝင် တီးခတ်ပေးထားပါတယ်။


KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment