Pages

Friday, November 21, 2014

နည်းပညာတက္ကသိုလ်များ အောင်စာရင်းကိစ္စ သိပ္ပံနှင့်နည်းပညာဝန်ကြီးရှင်း

RangonNewsDaily:: November . 20 .2014
နည်းပညာတက္ကသိုလ် များ၏ စာမေးပွဲအောင်စာရင်းမှာ အတတ်နိုင်ဆုံး လျှော့ပေါ့စဉ်းစား ပြီး ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးကပြောသည်။
နည်းပညာတက္ကသိုလ်၊ ကောလိပ်များ၏ စာမေးပွဲအောင် စာရင်းထုတ်ပြန်ခဲ့ရာ ကျရှုံးသူအ ရေအတွက်မြင့်မားခဲ့မှုကြောင့် ကျောင်းသားများအကြား ဂယက် ရိုက်မှုများဖြစ်နေချိန် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနကနေပြည် တော်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့အနေနဲ့ စာ မေးပွဲချတာလုံးဝမရှိပါဘူး။ အရေ အတွက်နဲ့ ကန့်သတ်ပြီးတော့လုပ် ထားတာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အတတ်နိုင် ဆုံးသတ်မှတ်ချက်ထက်တောင်မှ အများကြီးလျှော့ပေါ့ပြီး စဉ်းစား ပေးပြီးတော့ ထွက်လာတဲ့အောင် စာရင်းဖြစ်ပါတယ်’’ဟု ဒေါက်တာ ကိုကိုဦးကပြောသည်။
::
ယခုနှစ် နည်းပညာတက္က သိုလ်များ၏ စာမေးပွဲအောင်ချက်များလျှော့ကျခဲ့ခြင်းကြောင့် ကျောင်းသားများ၏ ခံစားချက် များက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် တွင် ပျံ့နှံ့နေခဲ့ပြီး ရန်ကုန်မြို့၊ ကလေးမြို့နှင့် တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသားများကလည်း ယနေ့ တွင် ရန်ကုန်မြို့၌ သတင်းစာရှင်း လင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လွန်ခဲ့တဲ့နှစ်က တော်တော် များများကို အအောင်ပေးခဲ့တယ်။ ဒီနှစ်ကျတော့ အောင်ချက်က သိသိသာသာကျသွားတာပါ။အဓိကကတော့ ၀န်ကြီးဌာနက စာမေးပွဲ အောင်ချက်ကို ဘယ်လိုမူဝါဒနဲ့ ဆောင်ရွက်နေတယ်ဆိုတာမသိ ရတာပါ’’ဟု စာမေးပွဲအောင်မြင် ခဲ့သောနည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးကပြောသည်။
::
အစိုးရသစ်လက်ထက်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သည် အောင်ချက်ထိန်းညှိပေး ခြင်း(Moderation) စနစ်ကို ကျင့် ဆုံးဆောင်ရွက်မှုမပြုလုပ်ရန် မူဝါ ဒချမှတ်ခဲ့သော်လည်း ဆောင်ရွက် ပေးခဲ့ခြင်းရှိကြောင်း ပြည်ထောင် စုဝန်ကြီးကဆိုသည်။

‘‘ဒီဝန်ကြီးဌာနအနေနဲ့ အစိုးရသစ်လက်ထက်မှာ မူချ ထားပြီးသားရှိပါတယ်။ Modera-tion လုံးဝမလုပ်ပါဘူး။ သို့သော်လည်း လက်တွေ့မှာတော့ မလုပ်ချင်သော်လည်း၊ မလုပ်တဲ့မူကို ကိုင်ချင်သော်လည်း ကျွန်တော်တို့က လုပ်ပေးခဲ့ရပါတယ်။ လျှော့ပေါ့ပြီးတော့ စဉ်းစားပေးတယ်ဆိုတာ ဒါကိုပြောတာပါ’’ဟု ဒေါက်တာကိုကိုဦးကပြောသည်။
::
အတန်းတင်စာမေးပွဲကျရှုံး ခဲ့သော ကျောင်းသားများအနေ ဖြင့် ဆက်လက်ကြိုးစားကြရန်နှင့် အင်ဂျင်နီယာဘွဲ့(B.E)၀င်ခွင်ကျ ရှုံးခဲ့သောသူများအတွက် လာမည့် စာသင်နှစ်အမီ ၀င်ခွင့်စာမေးပွဲ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးက ပြောကြား သည်

7Day ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment