Pages

Tuesday, October 21, 2014

စမတ်နာရီတစ်မျိုးကို ရက်သတ္တပတ် အနည်းငယ်အတွင်း Microsoft မိတ်ဆက်ဖွယ်ရှိ


RangonNewsDaily:: October . 20 .2014
Microsoft ကုမ္ပဏီသည် နှလုံးခုန်နှုန်းကို စောင့်ကြည့်စနစ် အအပါအဝင် ကျန်းမာရေးကို ခြေရာခံစနစ်များ ပါဝင်သည့် စမတ်နာရီ တစ်မျိုးကို လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း မိတ်ဆက်ပေးဖွယ်ရှိကြောင်း Forbes မှ ဖော်ပြခဲ့သည်။
အဆိုပါ စမတ်နာရီသည် Apple iOS နှင့် Google Android operating system စသည့် မိုဘိုင်း platform များကို အသုံးပြုထားသော ထုတ်ကုန်များနှင့် sync ပြုလုပ်နိုင်ဖွယ်ရှိသည်။ ဘက်ထရီနှင့် နှစ်ရက်ခန့် အသုံးပြုနိုင်မည့် ၎င်း စမတ်နာရီကို ခရစ္စမတ် အားလပ်ရက်အမီ သုံးစွဲသူများထံ ရောင်းချဖွယ်ရှိကြောင်း သိရသည်။

Microsoft သည် ၂၀၁၃ ခုနှစ် ဧပြီလကတည်းက စမတ်နာရီ ထုတ်လုပ်ရန်အတွက် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ပြီး touch ဖြင့် အသုံးပြုနိုင်မည့် စမတ်နာရီကို တည်ဆောက်ရန်အတွက် အာရှမှ ထုတ်ကုန်အစိတ်အပိုင်း ထောက်ပံ့သူများကို ရှာဖွေခဲ့သည်။ ယခုနှစ် အစောပိုင်းက ထွက်ပေါ်လာသည့် သတင်းများအရ Microsoft ၏ စမတ်နာရီသည် အရောင်အသွေး စုံလင်သည့် touch screen ပါဝင်သော Samsung ၏ Gear Fit စမတ်နာရီနှင့် ဆင်တူကြောင်း သိရသည်။


စမတ်နာရီနှင့် စမတ်မျက်မှန် ကဲ့သို့သော ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များသည် သုံးစွဲသူများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သလို လတ်တလောတွင်လည်း ထုတ်လုပ်သူများကလည်း စိတ်ကူးအကြံဉာဏ်သစ်များဖြင့် ထုတ်လုပ်လာခဲ့ကြသည်။ 


ထို့အပြင် ပြိုင်ဘက် ကုမ္ပဏီများနှင့် အီလက်ထရွန်နစ် ကုမ္ပဏီများကလည်း ရွေးချယ်မှု အများအပြားရနိုင်သည့် ထုတ်ကုန်များကို ထုတ်လုပ်လာခဲ့ကြသည်။ 

စမတ်နာရီအများစုကို ၁၉၇၀ ခုနှစ်ဝန်းကျင်က ဒီဂျစ်တယ်နာရီများကဲ့သို့ စတုရန်း မျက်နှာပြင်များဖြင့် ထုတ်လုပ်လာခဲ့ကြသလို Motorola နှင့် LG ကုမ္ပဏီတို့ကလည်း ဖက်ရှင်ကျသည့် စက်ဝိုင်း မျက်နှာပြင်များဖြင့် စမတ်နာရီ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

Ref: CNET , 
KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment