Pages

Tuesday, October 21, 2014

မြန်မာ့ ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ကြေးနဲ့ ပြစ်ဒဏ်တွေ ချမှတ်


RangonNewsDaily:: October . 20 .2014
မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အသက် ၁၉ နှစ်အောက် အာရှ လူငယ် ဘောလုံးပြိုင်ပွဲ U19 ပွဲမှာ မြန်မာ ပရိသတ်တွေ ကွင်းထဲကို ဝင်ရောက်လာတဲ့ လုံခြုံရေး ချိုးဖောက်မှုအတွက် အာရှ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ကြေးငွေ အပါအဝင် ပြစ်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
ဒဏ်ကြေးငွေ အဖြစ် ဒေါ်လာ နှစ်သောင်း လေးထောင် ပေးဆောင်ဖို့နဲ့ ၂ နှစ်အတွင်း အိမ်ရှင် အဖြစ် ကျင်းပမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေမှာ တစ်ပွဲကို ပရိသတ် မပါဘဲ ကစားဖို့ ဆိုင်းငံ့ ပြစ်ဒဏ် ချမှတ် အရေးယူခဲ့ပါတယ်။

ကာတာ အသင်းနဲ့ အခု ကစားမယ့် ဆီမီးဖိုင်နယ် ပွဲမှာလည်း ပရိသတ်တွေက ထပ်မံ စည်းကမ်း ချိုးဖောက်လာရင် ဗိုလ်လုပွဲမှာ ပရိသတ် မပါဘဲ ကစားရမယ့် အပြင် နောက်ထပ် ပြစ်ဒဏ်တွေကိုလည်း ချမှတ်ခံရမယ်လို့ သတိပေးထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဘီဘီစီကို ပြောပါတယ်။
::
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လတုန်းကလည်း ရုရှားမှာ ကန်မယ့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် အိုမန်နဲ့ မြန်မာ ကန်တဲ့ပွဲမှာ မြန်မာ ပရိတ်သတ်တွေက ရေဗူးတွေ၊ ခဲတွေနဲ့ ကွင်းထဲကို ပစ်ပေါက်ခဲ့တဲ့ အတွက် ဖီဖာ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံကို ဒေါ်လာ သုံးသောင်း နီးပါး ဒဏ်ရိုက်ပြီး ခြေစစ်ပွဲ ကစားခွင့် ပိတ်ပင်ထားပါတယ်။

BBC ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment