Pages

Tuesday, October 21, 2014

ဥက္ကံမြို့ အတွင်း မိန်းကလေး တစ်ဦး ထပ်မံ ပျောက်ဆုံး၊ ပျောက်ဆုံးသူ မိန်းကလေးငယ် (၄) ဦးရှိလာ

RangonNewsDaily:: October . 20 .2014
ဥက္ကံမြို့ အတွင်း မိန်းကလေး တစ်ဦး ထပ်မံ ပျောက်ဆုံး သွားခဲ့ပြီး (၁၀) ရက်အတွင်း တိုက်ကြီး မြို့နယ်တွင် ပျောက်ဆုံးသူ မိန်းကလေးငယ် လေးဦး အထိရှိ လာကြောင်း ဥက္ကံမြို့နယ် ရဲစခန်းမှ သတင်း ရရှိသည်။
အဆိုပါက မိန်းကလေးမှာ (၁၆) နှစ် အရွယ်ရှိပြီး ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းရှိ ဆိုင်တစ်ဆိုင်တွင် အလုပ်ဆင်းချိန်၌ ပျောက်ဆုံး သွားခြင်း ဖြစ်ကြောင်း တိုက်ကြီး မြို့မ ရဲစခန်းမှ သိရသည်။

သီတင်းကျွတ် လဆန်းလောက်က ကမာရွတ် မြို့နယ် ကုဋေကြွယ် လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ် နေရင်း နေ့လယ် (၁၁) နာရီ လောက်မှာ ဖိနပ်ဝယ်ဖို့ သွားရင်း ပြန်မရောက် တော့တာလို့ သူ့အစ်မဆီက သိရတယ် ဟု ဥက္ကံမြို့နယ် ရဲစခန်း အမှုစစ်က The Messenger Media သို့ပြောသည်။
::
အဆိုပါ ပျောက်ဆုံး နေမှုအား ယခုလ (၁၅) ရက်နေ့က ဥက္ကံ မြို့နယ် ရဲစခန်းတွင် ပျောက်ဆုံး နေသူ၏ အစ်မဖြစ်သူ မခင်မျိုးဇော်က တရားလို ပြုလုပ် တိုင်ကြားထား၍ (ပ)၃/ ၂၀၁၄၊ လူပျောက်မှုဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း ၎င်းက ပြောသည်။

ပျောက်ဆုံး နေသော မိန်းကလေး အလုပ်လုပ်နေ သည်မှာ ရက်ပိုင်း မျှသာရှိနေ သေးပြီး ၎င်းဆိုင်တွင် အတူ လုပ်ကိုင်ရန် တစ်ရွာတည်း နေသူ မ၀င်းဌေးမှ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အမှုဖွင့်ထားသူက ပြောဆိုခဲ့ကြောင်း ဥက္ကံရဲစခန်းမှ သိရသည်။
::
တိုက်ကြီးမြို့နယ်၊ ကတန်စိန် ဒေသအတွင်း အောက်တိုဘာလ (၁၀) ရက်နေ့က ဆယ်တန်း ကျောင်းသူ သုံးဦး ပျောက်ဆုံး နေမှု မှာလည်း ယနေ့ထိ ရှာဖွေ၍ မတွေ့ရှိသေးဘဲ ယခုထပ်မံ ပျောက်ဆုံးရခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ပျောက်ဆုံးမှု အတွက် The Messenger Media မှ ကာယကံရှင် ၏ မိဘများ ထံသို့ ဆက်သွယ်ခဲ့ရာတွင် ဖုန်းခေါ်ဆို၍ မရရှိခဲ့ပေ။

Messenger ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment