Pages

Tuesday, October 21, 2014

စစ်အုပ်ချုပ်ရေးနဲ့ စစ်ကျွန်ပညာရေး ဖျက်သိမ်းဖို့ မြေနီကုန်းမှာဆန္ဒပြ


RangonNewsDaily:: October . 20 .2014
ရန်ကုန်မြို့ မြေနီကုန်းမှာ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက မျက်နှာဖုံးစွပ် လူငယ် ၁ဝ ဦးလောက်က စစ်ကျွန်ပညာရေးနဲ့ စစ်အုပ်ချုပ်ရေး ဖျက်သိမ်းဖို့ ဆန္ဒပြပွဲ တခု ဖြစ်ပွားခဲ့ပါတယ်။ 
လူငယ်တွေ လာပူးပေါင်းကြ ၊ တော်လှန်ရေး ရေးကိုစတင်ကြ စသဖြင့် လူငယ်တွေက လက်ကိုင် အသံချဲ့ စက်နဲ့ အော်ဟစ်ကာ ပြောက်ကြားဆန္ဒပြပွဲဆင်နွှဲခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။
ကြွေးကြော်သံတွေကိုလည်း လက်ကမ်းစာရွက်တွေနဲ့ လိုက်လံ ဝေငှပြီး လမ်းမဘေးကလည်း လူအများက စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါတယ်။ ဆန္ဒပြသူလူငယ်တွေဟာ ဘယ်အဖွဲ့အစည်းက ဆိုတာ မသိရ ဘူး လို့ မျက်မြင်တွေက ပြောကြပါတယ်။
::
မှတ်တမ်းဓာတ်ပုံတွေကိုတော့ Ko Gyi Myo က ရိုက်ကူးထားပြီး သူ့ရဲ့ ခွင့်ပြုချက်နဲ့ ဧရာဝတီက ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ဧရာဝတီ ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment