Pages

Thursday, September 4, 2014

အိန္ဒိယတွင် ၄ စက္ကန့်အတွင်း Xiaomi Redmi 1S ဖုန်း ၄၀,၀၀၀ ရောင်းချခဲ့ရ

RangonNewsDaily:: September . 4 .2014
တရုတ်နိုင်ငံ၏ အကြီးဆုံး အီလက်ထရွန်နစ် ကုမ္ပဏီတစ်ခုဖြစ်သော Xiaomi သည် Redmi 1S Android ဖုန်း ၄၀,၀၀၀ ကို အိန္ဒိယတွင် ရောင်းချရာ ၄ စက္ကန့်အတွင်း ရောင်းကုန်သွားခဲ့ကြောင်း ကြေညာခဲ့သည်။
ထိုကဲ့သို့ စက္ကန့်ပိုင်းအတွင်း Remi 1S ဖုန်း ၄၀,၀၀၀ ရောင်းကုန်သွားခဲ့သောကြောင့် ရူပီး ၅,၉၉၉ (အမေရိကန်ဒေါ်လာ ၉၉) တန်ဖိုးရှိသည့် အဆိုပါ ထုတ်ကုန်ကို လက်ဝယ်မပိုင်ဆိုင်ခဲ့ရသည့် အိန္ဒိယ Xiaomi ပရိသတ်အချို့က ကုမ္ပဏီ၏ Facebook စာမျက်နှာတွင် ထုတ်ကုန်အရေအတွက် ကန့်သတ်ထားခြင်းနှင့် ပတ်သက်၍ မကျေနပ်ချက်များကို ရေးသားခဲ့ကြသည်။

Xiaomi သည် Redmi 1S ကို အိန္ဒိယတွင် ရောင်းချရာ၌ Flipkart e-commerce retail ဆိုက်နှင့် ပူးပေါင်း ရောင်းချခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆိုက်သည် Redmi 1S ဝယ်ယူလိုသူများကို မှတ်ပုံတင်စေခဲ့ပြီး လက်ရှိတွင် အဆိုပါ Xiaomi ဖုန်းကို ဝယ်ယူလိုသူ ၂၅၀,၀၀၀ ရှိကြောင်း သိရသည်။
::
Redmi 1S သည် Redmi ဖုန်းနောက်တွင် ထွက်ပေါ်လာသည့် Android ထုတ်ကုန်သစ် ဖြစ်ပြီး ၎င်းတွင် 1.6GHz Qualcomm Snapdragon 400 ပရိုဆက်ဆာ၊ 8GB သိုလှောင်မှုစနစ်အပြင် 8-megapixel ကင်မရာနှင့် 1280x720 pixels resolution ဖြင့် ဖော်ပြပေးနိုင်သော ၄.၇ လက်မ display တို့ပါဝင်သည်။
::
လက်ရှိတွင် အဆိုပါ Redmi 1S ဖုန်းကို အိန္ဒိယအပြင် ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ၊ တရုတ်(တိုင်ပေ) တို့တွက် ရောင်းချလျက်ရှိပြီး ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့တွင် စက်တင်ဘာ ၄ ရက်၌ ရောင်းချမည်ဟု သိရသည်။

Ref: CNET ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment