Pages

Thursday, September 4, 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရာ၌ အခက်ကြုံဆောင်ရွက်မှုအခြေ အနေမကြာမီကြေညာမည်ဟုဆို

RangonNewsDaily:: September . 4 .2014
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရာတွင် အခက်အခဲများရှိနေ၍ ဆယ်ယူမှုအခြေအနေ 
မည်သည့်အဆင့်ရောက်ရှိနေပြီဖြစ်သည်ကိုလာမည့် ရက်ပိုင်းအတွင်း တရားဝင်ပြောကြားသွားမည်ဖြစ်ကြောင်း နတ်စင်တစ်ရာဆရာတော်က စံတော်ချိန်သို့ စက်တင်ဘာ ၃ ရက်၌ မိန့်ကြားခဲ့သည်။
'နောက် ၁၀ ရက်လောက်ဆိုရင် ဘယ်အခြေအနေရောက်ပြီဆိုတာ ပြောနိုင်တဲ့အဆင့်ရောက်မယ်။ အခုအချိန်မှာတော့ ပြည်သူတွေကလည်းဆန္ဒမစောဘဲ စောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံ
ချင်တယ်။ ရေထဲမှာရောက်နေတဲ့ပစ္စည်းဆိုတော့ ပြန်ဆယ်ရတာတော်တော်ခက်ခဲနေ တယ်'
ဟု ဆရာတော်က မိန့်ကြားသည်။


ဓမ္မစေတီခေါင်းလောင်းရှာတွေ့ပြီဖြစ်ကြောင်း ခေါင်းလောင်းဆယ်ယူရေး အဖွဲ့
ခေါင်းဆောင်ဦးစံလင်းက သြဂုတ် ၂၆ ရက်၌ တရားဝင်ကြေညာခဲ့သည်။ ယင်းနောက်ခေါင်းလောင်းကြီး ဆယ်ယူရရှိရေး ဆောင်ရွက်နေမှုများကို ပြောကြားခြင်းမရှိဘဲခေါင်းလောင်းကြီးကုန်းပေါ်ရောက်မှသာ သတင်းထုတ်ပြန်ပေးမည်ဟု သြဂုတ် ၂၈ ရက်၌ ကြေညာခဲ့သည်။


ခေါင်းလောင်းရှာဖွေတူးဖော်မှုကို သြဂုတ် ၈ ရက်မှစတင်ဆောင်ရွက်ခဲ့ပြီး သြဂုတ်၁၅ ရက်တွင် ရေငုပ်သမားများက ခေါင်းလောင်းကိုရှာတွေ့ခဲ့ကြောင်း၊ အဆိုပါ ခေါင်းလောင်းမှာ မြေကြီးအောက် ၁၅ ပေခန့် နစ်မြုပ်နေ၍ ကြိုးချည်ရာ၌ အခက်အခဲဖြစ်နေကြောင်း သိရသည်။


'ဒီခေါင်းလောင်းလို့ ယူဆတဲ့အရာကို ကြိုးချည်နိုင်ပြီ သေချာပြီဆိုရင် ဆယ်ယူ
ရေးလုပ်ငန်းလုပ်ဖို့ အစိုးရကို အကူအညီတောင်းမှာဖြစ်တယ်။ အင်မတန်ကြီးမားတဲ့ခေါင်းလောင်းဖြစ်လို့ ဆယ်ယူဖို့ က ခက်ခဲတယ်'ဟု ဆရာတော်က မိန့်ကြားသည်။


အဆိုပါ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးနှင့် ပတ်သက်၍ ကောလာ
ဟလအမျိုးမျိုးထွက်ပေါ်နေသော်လည်း ခေါင်းလောင်းရှာဖွေရေးအထောက်အကူပြု
အဖွဲ့ကမူ ရက်ပိုင်းအတွင်း အဖြေထွက်လာမည်ဟု ကြေညာထားသည်။


စံတော်ချိန် , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment