Pages

Thursday, September 4, 2014

ဗြိတိန်အမျိုးသမီးကို လမ်းမပေါ်တွင် မြူဆွယ် လုယက်ရန် ကြိုးပမ်းခဲ့သူ ထောင်ဒဏ် သုံးနှစ်ခွဲ ချမှတ်ခံရ

RangonNewsDaily:: September . 4 .2014
အင်္ဂလန်နိုင်ငံ ဝေါ်စတာရှိုင်းယားမြို့ လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးကို မြူဆွယ်ပြီး လုယက်ရန် ကြိုးပမ်းခဲ့သူတစ်ဦးကို စက်တင်ဘာ ၃ ရက်က ထောင်ဒဏ် သုံးနှစ် ခွဲ ချမှတ်လိုက်ကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ် လူးစ်ဆေးလ်ဗားဆိုသူသည် နံနက် ၄ နာရီခန့်အချိန်တွင် ၎င်း၏ အဖော်မိန်းက လေးဖြစ်သူနှင့် စကားများ လမ်းခွဲလာပြီးနောက် လမ်းပေါ် တွင် မိန်းကလေးတစ်ဦးကို တွေ့ခဲ့ပြီး အဆိုပါ မိန်းကလေး၏ ခန္ဓာကိုယ်အား ပွတ်သတ်ကိုင်တွယ်ပြီးနောက် မြေပြင်ပေါ်သို့ လှဲချရန် ကြိုးစားခဲ့သည်။

မိန်းကလေးဖြစ်သူက သူ့ပုံကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားကြောင်း ပြောသည့်အခါ ဆေးလ်ဗားက ဖုန်းကို လုယူရန် ကြိုးပမ်းခဲ့သည်။ မိန်းကလေးက ထွက်ပြေး လွတ်မြောက်သွားပြီး ရဲထံသွားရောက် အ ကြောင်းကြားခဲ့သောကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။


အစိုးရရှေ့နေ ပေါလ်ဝှစ်ဖီးက ဝေါ်စတာခရောင်း တရားရုံးသို့ တင်ပြရာတွင် “ပြစ်မှုကျူးလွန်တဲ့သူက မိန်းကလေးနောက်ကို လိုက်လာပြီး လမ်းဆုံးတစ်ခုမှာ လှမ်း ကိုင် လိုက်ပါတယ်။ ပြီးတော့ သူ့ကိုလည်း ကိုင်ဖို့ ပြောပါတယ်။ မိန်းကလေးက သူ့ရဲ့ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်တဲ့ အချိန်မှာ စော်ကားဖို့ မိန်းကလေးရဲ့ အ၀တ်ကို ကိုင်ပါတယ်” ဟု ပြောကြားသည်။


ရဲများက ဓာတ်ပုံအထောက်အထားဖြင့် ဆေးလ်ဗားကို မကြာမီ ဖမ်းဆီးနိုင်ခဲ့သည်။
ဆေးလ်ဗား၏ ရှေ့နေက သူ၏အမှုသည်အနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်မှုများကို အရက်မူးနေ သောကြောင့် မမှတ်မိတော့ကြောင်း၊ သို့သော် ယင်းလုပ်ရပ်များ အတွက် သူ့အနေဖြင့် အလွန်ရှက်နေ ကြောင်း တရားရုံးတွင် လျောက်ထားခဲ့သည်။


Ref:Daily Mail , mizzima , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment