Pages

Thursday, September 4, 2014

ဆီဒိုးနားဟိုတယ်အနီး ကားခြောက်စီးဆင့်တိုက်


RangonNewsDaily:: September . 4 .2014
ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ ဆီဒိုးနား ဟိုတယ်အနီး မီးပွိုင့်တွင် စက်တင်ဘာလ ၃ ရက် ည ကိုးနာရီခွဲခန့် က ယာဉ်ခြောက်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ မီးပွိုင့်တွင် ပရိုဘောက်အမျိုးအစား အိမ်စီးကား တစ်စင်းသည် မီးနီမိ၍ ဘရိတ်အုပ်ရာ၌ အရှိန်မထိန်းနိုင်ဘဲ ရှေ့တွင် မီးပွိုင့်မိနေသော လိုက်ထရပ်ကားကို တိုက်မိရာ တဆင့်ဆင့်ကဲ ယာဉ်ခြောက်စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မီးပွိုင့်မိနေသော အိမ်စီးကားများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သော်လည်း လူထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိပေ။

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)


7Day , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment