Pages

Thursday, September 4, 2014

မင်းသမီးများ၏ ၀တ်လစ်စလစ်ပုံများ ခိုးယူ ခံရခြင်း အတွက် Apple ကုမ္ပဏီ ၀န်ခံ

RangonNewsDaily:: September . 4 .2014
ဂျင်နီဖာလော့ရင့်နှင့် အခြား နာမည်ကြီး ထင်ရှားသော သရုပ်ဆောင် ၁၀၀ ၏ ဓာတ်ပုံများ ဖောက်ထွင်း ခိုးယူခံရ ခြင်းမှာ iCloud ၏ Find My iPhone Function မှ ဖြစ်သည်ဟု Apple ကုမ္ပဏီက ၀န်ခံပြီး ယင်းကိစ္စကို စုံစမ်း နေသည်ဟု ထုတ်ပြန်သည်။
စနေနေ့ ညက ၀တ်လစ်စလစ်ပုံများ လူသိ ရှင်ကြား ဖြန့်ဝေ ခံလိုက်ရပြီး ၂၄ နာရီ နီးပါးအကြာတွင် Apple ကယင်းသို့ ထုတ်ပြန် လိုက်ခြင်း ဖြစ်သော်လည်း နည်းပညာ ကုမ္ပဏီကြီး Apple ကမည်သို့ ဖောက်ထွင်း ခံရသည်ကို ပြောဆိုခြင်း မရှိသလို ကမ္ဘာ အနှံ့က အသုံးပြု ဖောက်သည်များ အတွက် အာမခံချက် တစ်စုံတစ်ရာလည်း မပေးချေ။

“ကျွန်မတို့က အသုံးပြုမှုတွေရဲ့ လွပ်လပ်ခွင့်ကို အထူး ဂရုစိုက် ပါတယ်။ ယခု ဓာတ်ပုံတွေ ခိုးယူ ခံရတာနဲ့ ပတ်သက်ပြီး စုံစမ်းမှု ပြုလုပ် နေပါပြီ”ဟု Apple မှ ပြောရေးဆိုခွင့်ရ အမျိုးသမီး နက်ကာရီက ပြောသည်။ ယင်းအမှုကို FBI ကလည်း စတင် စုံစမ်းနေပြီ ဖြစ်ကြောင်း ထုတ်ပြန်သည်။


mizzima , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment