Pages

Thursday, September 4, 2014

Oppo က Selfie ဖုန်း အပါအ၀င် စမတ်ဖုန်း လေးလုံးကို Australia တွင် ရောင်းချ


RangonNewsDaily:: September . 4 .2014
တရုတ် အီလက်ထရောနစ် ထုတ်လုပ်သူ Oppo က Selfie Phone အပါအ၀င် စမတ်ဖုန်း လေးလုံးကို Australia တွင် ရောင်းချခြင်းဖြင့် အနောက်နိုင်ငံများ၏ မိုဘိုင်းဖုန်း ဈေးကွက်သို့ ၀င်ရောက်လာပါသည်။ Find 7, N1 Mini, Find 7a နှင့် Neo 5 စမတ်ဖုန်းများ ဖြစ်ပါသည်။
N1 Mini
----------

N1 Mini သည် ကင်မရာနှင့် Selfie ကို နှစ်သက်သူများအတွက် ရည်ရွယ်ထားပါသည်။ ကင်မရာ တစ်လုံးတည်းသာ ပါရှိသော်လည်း 195 Degree လှည့်ပြောင်းနိုင်သည့်အတွက် အနောက်ကင်မရာ အဖြစ်သာမက Selfie ရိုက်ရန် အတွက်ပါ အသုံးပြုနိုင်ပါသည်။
::
ကင်မရာတွင် စွမ်းဆောင်ချက်များစွာ ပါရှိပြီး အခြား ဓါတ်ပုံ App များကို ဒေါင်းလုပ် ပြုလုပ်ရန် မလိုဟု သိရပါသည်။ Selfie ရိုက်သူများအတွက် Beautify Mode သည် ပါးလျသော မျက်နှာနှင့် ကြည်လင်သော အသားအရေကို ပြုလုပ်ပေးမည် ဖြစ်သည်။ 

GIF ဓါတ်ပုံများ ပြုလုပ်သော စွမ်းဆောင်ချက်သည် N1 ၏ ထူးခြားချက်ဖြစ်ပြီး ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လှုပ်ရှားသက်ဝင်သော ဓါတ်ပုံများ ပြုလုပ်ပေးနိုင်ပါသည်။ HDR နှင့် Panorama စွမ်းဆောင်ချက်များလည်း ပါရှိပါသည်။ 
::
N1 သည် ငါးလက်မ 1280x720 Resolution HD မျက်နှာပြင် တပ်ဆင်ထားသော စမတ်ဖုန်း ဖြစ်ပါသည်။ 16GB Internal Storage ပါရှိသော်လည်း MicroSD Card အသုံးပြု၍မရဟု သိရပါသည်။

N1 ကို ဒေါ်လာ ၅၃၉ ဖြင့် ရောင်းချမည် ဖြစ်ပြီး O-Click ပါရှိမည် ဖြစ်သည်။ O-Click သည် ကင်မရာကို အဝေးမှ ထိန်းချုပ်နိုင်သည့် ကိရိယာ ဖြစ်သကဲ့သို့ စမတ်ဖုန်းပျောက်သွားလျှင်လည်း ခြေရာခံနိုင်မည် ဖြစ်သည်။

Find 7
---------

Find 7 သည် စွမ်းဆောင်ရည်မြင့်ပြီး Samsung Galaxy S5 နှင့် Apple iPhone 5S တို့ကို ယှဉ်ပြိုင်ရန် ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ 
::
၅.၅ လက်မ 2K Resolution Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၅၃၈ ဖြစ်ပါသည်။ မျက်နှာပြင်ကို မာကျောသည့် Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ 

မိနစ် သုံးဆယ်အတွင်းတွင် ၇၅ ရာခိုင်နှုန်း အားသွင်းပေးနိုင်သော ဘက်ထရီ တပ်ဆင်ထားပါသည်။ Sony ၏ 13 Megapixel Camera တပ်ဆင်ထားပါသည်။ Android 4.3 ကို အသုံးပြုထားပြီး 32GB Internal Storage ပါရှိပါသည်။ ဒေါ်လာ ၇၁၉ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

Find 7a
-----------

Find 7a သည် Find 7 နှင့် စွမ်းဆောင်ချက်များ တူညီသော်လည်း အနည်းငယ် သေးငယ်သော ဘက်ထရီ ၊ Processor နှင့် Screen Resolution များကြောင့် ဈေးသက်သာပါသည်။ 
::
၅.၅ လက်မ မျက်နှာပြင်၊ 13 Megapixel Camera နှင့် Gorilla Glass 3 တို့တပ်ဆင်ထားသည်
မှာ တူညီသော်လည်း မျက်နှာပြင်၏ တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၀၃ သို့လျှော့ချထား
ပါသည်။ Internal Storage မှာလည်း 16GB သို့ လျှော့ချထားပါသည်။ ဈေးနှုန်းမှာ ဒေါ်လာ ၆၂၉ ဖြစ်ပါသည်။

Neo 5
---------

Neo 5 သည် လူကြီး သို့မဟုတ် ကလေးငယ်များအတွက် ရည်ရွယ်ထားပြီး 4G နှင့် Quad-Core Processor တပ်ဆင်ထားသည့် စွမ်းဆောင်ရည်နိမ့်စမတ်ဖုန်း ဖြစ်ပါသည်။ ၄.၅ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး ဒေါ်လာ ၂၁၉ ဖြင့် ရောင်းချမည် ဖြစ်သဖြင့် ဈေးနှုန်း သက်သာပါသည်။
::
Oppo ၏ စမတ်ဖုန်းများသည် အနောက်နိုင်ငံ ဈေးကွက်သို့ ထိုးဖောက်နိုင်မည်လား ဆိုသည်မှာ မသိရသေးသော်လည်း သူတို့၏ စမတ်ဖုန်းများသည် ဈေးနှုန်းသက်သာသည့် စွဲဆောင်မှု ရှိပါသည်။


KOLATT(PBDN)

RangonNewsDaily


0 comments:

Post a Comment