Pages

Thursday, September 4, 2014

ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းများ ရှောင်ကြဉ်ပါ

RangonNewsDaily:: September . 4 .2014
ဆေးလိပ်သောက်ခြင်းဖြင့် အာခေါင်တွင် အနာများဖြစ်ပေါ်ခြင်း၊ လည်ပင်းနာကျင်ခြင်း၊ ချောင်းဆိုးခြင်း၊ အဆုတ်ရောဂါ၊ ပန်းနာရောဂါ၊ ကန်စာနာ(ကင်ဆာ)ဖြစ်ခြင်း၊ ဦးနှောက်၏လုပ်ငန်းများနှေးလာ၍ အာရုံကြောများ ထုံထိုင်းလာခြင်း၊ အရသာ၊အနံ့နှင့် အမြင်တည်းဟူသော အာရုံများ ညံ့ဖျင်းလာခြင်းများ ဖြစ်ပေါ်ခံစား ကြရသည်။
လူငယ်များမှာ ဆေးလိပ်(အထူးသဖြင့်) စီးကရက် သောက်ခြင်းဖြင့် ကာယဗလ၊ ဥာဏဗလ၊ ဝိဥာဏဗလသုံးပါး ပျက်စီးစေတတ်သည်။ ကျောင်းသား လူငယ်များတွင် မကြာခင်မှာပင် ဥာဏ်ထိုင်းပြီး အကျင့်ပျက်လာ တတ်သည်။ မုသားပြောခြင်း၊ လိမ်လည် ခိုးဝှက်ခြင်းများ ဖြစ်ပေါ် လာတတ်သည်။ ဆေးလိပ် သောက်သုံး သူတို့သည် အရက်နှင့် အခြားသော မူးယစ်ထုံထိုင်း စေတတ်သော ဆေးဝါးများသုံးစွဲလာတတ်ကြသည်။

စီးကရက်ကို စွဲသောက်သူ အမျိုးသမီးများသည် ၎င်းတို့က မွေးဖွားလာသော ကလေးသူငယ်များမှာ သန်မာ ထွားကြိုင်း လာမှုမရှိဘဲ အသက် ဆုံးရှုံးတတ်ကြ ပေသည်။ မိခင်၏ နို့ရည်တွင် ဆေးလိပ် သောက်ခြင်းကြောင့် နီကိုတင်း အဆိပ်ပါရှိနေ၍ ဖြစ်သည်။


 ဆေးလိပ်ကို အလွန်အကြူး သောက်သုံးသော အမျိုးသမီးများ သားသမီး မရတတ်ဘဲ မြုံနေ တတ်ပေသည်။ ဆေးလိပ် သောက်သုံးသူများ ဆေးလိပ်ဖြတ်ရာတွင် ဆေးလိပ် သောက်ခြင်းကို တဖြည်းဖြည်း ခြင်းမဟုတ်ဘဲ ဗြုန်းကနဲ တစ်ခါတည်း ဖြတ်ခြင်းပင်ဖြစ်၏။ ဤကဲ့သို့ပြုလုပ်ပါက သန်စွမ်းသော စိတ်ခွန်အားနှင့် တည်ငြိမ်သော စိတ်ရှိရမည်။

ကွမ်းစားခြင်း သည်လည်း ကျန်းမာရေးကို အထူးပင် ထိခိုက်စေနိုင် ပါသည်။ ကွမ်းစားခြင်းကြောင့် ပါးစပ်နှင့် သွားများ ညစ်ပတ် ပျက်စီးစေပြီး ဖြူဖွေးနေသော သွားများတွင် ကွမ်းချိုးများကပ်၍ နီရဲလာတော့သည်။ 


ကွမ်းစွဲစားသူများမှာ သွားဖုံးရောဂါများနှင့် ခံတွင်းရောဂါများ ဖြစ်ပေါ်လာခြင်း၊ ကွမ်းယာများကိုဝါး၍ ပါးစောင်တွင် အချိန်ကြာမြင့်စွာ ငုံပြီးထားပါက ခံတွင်းအမြှေးပါးများ ပျက်စီးစေတက်သည်။ ကွမ်းယာတွင် ထည့်သွင်း၍ စားသောဆေးရွက်ကြီးသည် နီကိုတင်းဓာတ်နှင့် အခြားဘေးဥပဒ် ဖြစ်စေသော ဓာတ်များ ပါဝင်နေ ပေသည်။ 

အချို့ပုဂ္ဂိုလ်များ ဆေးရွက်ကြီးကိုပင် ငုံထားလေ့ရှိ၏။ စာရေးသူ၏ သူငယ်ချင်းဓာတ်ပုံ ဆရာတစ်ဦးမှာ ညအိပ်သည်အထိ ကွမ်းယာကိုငုံ၍ အိပ်သောကြောင့် ဆေးရွက်ကြီး၏ ထိုးဖောက် တိုက်စားမှုဖြင့် ပါးပေါက်နာ ဖြစ်ခဲ့သည်။ နောက်ဆုံး မည်သည့်ဆေးဝါး ကုသခဲ့သော်လည်း မရတော့ဘဲ အသက်ဆုံး ရှုံးခဲ့ရသည်။ ယခုခေတ်အခါတွင် ကွမ်းယာဆိုင်များ၌ အဆင်သင့်စား နိုင်သော ကွမ်းယာထုတ်များ အလွယ်တကူ ရရှိနေကြသည်။ 

ကွမ်းယာတွင် ကွမ်းနှင့်အတူ ထုံး၊ ကွမ်းသီး၊ ဆေးရွက်ကြီး၊ ရှားစေး၊ စမုန်စပါး၊ နွယ်ချို၊ ဖာလာ၊ လေးညှင်း၊ ဂုံခါး၊ အာမွှေးစသည်ဖြင့် ကိုယ်နှစ်သက် သလိုစား နေကြသည်။ နောက်ပိုင်းတွင် ဆေးရွက်ကြီး အမှုန့်၊ စင်ကလယ်၊ နှပ်ဆေး စသည်ဖြင့် ထည့်သွင်းစားကြသည်။

ကွမ်းစားခြင်းသည် သွားများအား ပိုးမဝင်ဘဲ ခိုင်မာစေသည်ဟု ယူဆသူများ ရှိနေသေးသည်။ သို့သော် သွားဖုံးများ ပျက်စီးသဖြင့် သွားများမှာ ခိုင်ခန့်မှုမရှိတော့ပေ။ ရုပ်ရည်မှာလည်း တဖြည်းဖြည်းခြင်း အရွယ်မလွန် မီမှာပင် ရင့်ရော် လာကြသည်။ ကျောက်ကပ်သည် အချိန်ပြည့်အလုပ် လုပ်နေရခြင်းကြောင့် ကျောက်ကပ် ကျန်းမာရေး ညံ့ဖျင်းလာနိုင်သည်။ ကွမ်းစားခြင်းကိုလည်း ဖြတ်တောက်ရာ၌ ဗြုန်းကနဲမစားဘဲ ဖြတ်တောက် လိုက်ပါ။ မိမိ စိတ်ပေါ်၌ မူတည်ပါသည်။ ကွမ်းစားခြင်းမှ ပြတ်တောက်သွားနိုင်ပါသည်။

မြ၀တီ , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment