Pages

Sunday, August 3, 2014

ခွင့်ပြုချက်မဲ့ Ooredoo မိုးပျံပူဖောင်း ကြော်ငြာများကို မြို့တော်စည်ပင်မှ လိုက်လံဖြုတ်သိမ်း


RangonNewsDaily:: August . 3 .2014
ခွင့်ပြုချက်မဲ့ အော်ရီဒူးမိုးပျံပူဖောင်း ကြော်ငြာများ လွှင့်တင်မှုကို သြဂုတ်လ ၂ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင် သာယာမှ လိုက်လံဖြုတ်သိမ်းသည်ကို တွေ့ရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန် မြို့တော်စည်ပင်သာယာတာဝန်ရှိသူတစ်ဦး က““ဒီကြော်ငြာ
တွေအတွက် ခွင့်ပြုချက် တောင်းထားတာမရှိဘူး။ ခွင့်ပြုချက်မဲ့ မိုးပျံပူဖောင်းကြော်ငြာတွေဖြစ်လို့ ခုလိုလိုက် ပြီး ဖြုတ်တာပါ။

ဖြုတ်သိမ်းထားတဲ့ ပူဖောင်း အလုံးရေက ခုလောလောဆယ် ၁၁ လုံး ဖြစ်ပါတယ်။ ကျန်တဲ့ ပူဖောင်းတွေကိုလည်း ဆက်ဖြုတ်သိမ်းသွားမှာပါ။ ဒါနဲ့ပတ်သက်ပြီး ကုမ်္ပဏီရဲ့ တာဝန်ရှိ
သူတွေကို ခေါ်ယူပြီး စည်ပင်သာယာဥပဒေကို ရှင်းပြဖို့ ရှိ ပါတယ်”” ဟု ပြောသည်။
::
အော်ရီဒူးဆင်းကတ်များရောင်းချ သည့် မိုဘိုင်းအရောင်းဆိုင်များသို့ မိုးပျံ ပူးဖောင်းကြော်ငြာများ မည်သူလာရောက် လွှင့်တင်ကြော်ငြာထားသည်ကို မေးမြန်း သော်လည်း အဆိုပါ ဆိုင်များက မသိရှိရကြောင်း ၎င်းက ဆက်ပြောသည်။
::
အော်ရီဒူးမိုးပျံကြော်ငြာပူဖောင်းများ အား ကျောက်တံတားမြို့နယ်အတွင်းရှိ အနော်ရထာ
လမ်း ဘေး ၀ဲ/ယာအချို့တွင် လွှင့်တင်ကြော်ငြာထားခြင်းဖြစ်ပြီး စည်ပင် သာယာတာဝန်ရှိသူ
များက အထက်ညွှန် ကြားချက်အရ လိုက်လံဖြုတ်သိမ်းခဲ့ခြင်း ဖြစ်သည်။

News Watch ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment