Pages

Sunday, August 3, 2014

Samsung ရဲ့ ပထမဆုံး ကွေးညွှတ်နိုင်တဲ့ တီဗီကို ရောင်းပြီ


RangonNewsDaily:: August . 3 .2014
Samsung က ဇန်န၀ါရီလမှာ ကျင်းပခဲ့တဲ့ Consumer Electronics Show မှာ ပြသခဲ့တဲ့ သူ့ရဲ့ ပထမဆုံး

ကွေးညွှတ်နိုင်တဲ့ တီဗီကို သြဂုတ်လ တစ်ရက်ဒီနေ့မှာ ကိုရီးယားတွင် ရောင်းချပေးလိုက်ပါပြီ။ ဒါပေမယ့် ပွဲမှာ ပြသခဲ့တဲ့ တီဗီဟာ ၈၅ လက်မအရွယ်ဖြစ်ပြီး အခုရောင်းချတဲ့ တီဗီကတော့ ၇၈ လက်မအရွယ်ဖြစ်
ပါတယ်။
တီဗီဈေးကွက်က အရင်လိုမဟုတ်ဘဲ ဆန်းသစ်လာပါပြီ။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ မျက်နှာပြင်ပြား Flat တီဗီများဟာ ရောင်းအားကျဆင်းလာတဲ့အတွက် Samsung နဲ့ အခြား တီဗီထုတ်လုပ်သူတွေဟာ ပိုမို
ဆန်းသစ်တဲ့ ထုတ်ကုန်များကို တီထွင်ဖို့ တွန်းအား ဖြစ်စေခဲ့ပါတယ်။

ကွေးညွှတ်နိုင်တဲ့ တီဗီများဟာ သာမာန်စားသုံးသူတွေအတွက်တော့ ဈေးနှုန်း ကြီးမြင့်နေပါတယ်။ ဒါပေ
မယ့်လည်း ဆန်းသစ်တဲ့ နည်းပညာကြောင့် စားသုံးသူများရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။

ကွေးညွှတ်နိုင်တဲ့ တီဗီတွေက ဘာတွေထူးခြားသလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ CES ပွဲမှ သရုပ်ပြချက်အရ Remote Control ကနေ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ တီဗီမျက်နှာပြင်အနောက်

က မော်တာ အသေးလေးတွေက ပြားနေတဲ့ မျက်နှာပြင်ကို ကွေးညွှတ်ပေးမှာ ဖြစ်ပါတယ်။ 

ခလုတ်တစ်ချက်ထပ်နှိပ်ရင် ကွေးနေတဲ့ မျက်နှာပြင်ကို ပြားချပ်သွားစေမှာပါ။ ကြည့်ရှုသူဟာ တီဗီထားရှိရာ အခန်းရဲ့ ဘယ်နေရာမှာပဲ ရှိနေပါစေ အဆင်ပြေပြေကြည့်နိုင်မှာ ဖြစ်ပါတယ်။

Samsung က ကွေးညွှတ်နိုင်တဲ့ တီဗီကို လာမယ့် သောကြာနေ့မှာ စတင်ရောင်းချမှာ ဖြစ်ပေမယ့် ကိုရီး

ယားနိုင်ငံ ဆိုးလ်မြို့မှ အရောင်းဆိုင်နှစ်ခုမှသာ ၀ယ်ယူနိုင်မှာပါ။ ဈေးနှုန်းကိုတော့ ကြေညာခြင်းမရှိသေး
ပေမယ့် The Verge နဲ့ Mashable တို့ရဲ့ အဆိုအရ ဒေါ်လာ ၃၄၀၀၀ ၀န်းကျင်ကျသင့်မှာပါ။

Samsung က မျက်နှာပြင်ကွေး တီဗီများ ဖြစ်တဲ့ ၆၅ လက်မ UNHU9000 ကို အမေရိကန်မှာ ဒေါ်လာ ၄၅၀၀၀ ၊ ၁၀၅ လက်မ UN105S9W ကို ဒေါ်လာ ၁၂၀ ၀၀၀ ဖြင့် ရောင်းချပေးနေပါတယ်။ အဲဒီတီဗီတွေ

ကတော့ ကွေးညွှတ်နိုင်ခြင်း မရှိဘဲ တစ်သမတ်တည်းကွေးနေတာ ဖြစ်ပါတယ်။

Myanmar Consumer Guide , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment