Pages

Sunday, August 3, 2014

တက္ကသိုလ်ကျောင်းအနီး ကလေးကစားကွင်းအမည်ခံ၍ ကျပ်သိန်း ရာချီ ကစားနိုင်သည့် လောင်းကစားရုံဖွင့်လှစ်

RangonNewsDaily:: August . 3 .2014
မုံရွာတက္ကသိုလ်ကျောင်းအနီး ကျပ်သိန်း ရာနှင့်ချီ၍ ကစားနိုင်သည့် လောင်းကစားရုံကို ကလေးကစားကွင်း အမည်ခံ၍ ဖွင့်လှစ်ထားပြီး ကျောင်းသားအများစု လောင်းကစားမှုပြုလုပ်နေသော် လည်း မည်သူမျှအရေး

ယူခြင်းမရှိဟု ယင်းတက္ကသိုလ်ကျောင်းသားတဦးက News Watch ဂျာနယ်သို့ ဇူလိုင် ၃၀ ကပြော ကြားခဲ့သည်။
၎င်းက “ကျောင်းသားတယောက်ဆိုရင် တရက်တည်း သိန်းခြောက်ဆယ် ရှုံးသွားတာ မုံရွာမြို့မှာ ဒီလိုကစားကွင်း တွေရှိပေမယ့်။ ဒီကျောင်းနားက ကစားကွင်းက အကြီးဆုံးပဲ”ဟု ဒုတိယနှစ် ကျောင်းသားတဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ကလေးကစားကွင်း အမည်ခံ လောင်းကစားရုံ၌ လာရောက် လောင်းကစားသူများထဲ၌ အပြင်လူများ လာရောက်ကစားမှုရှိသော်လည်း အများဆုံး လာရောက်ကစားသူများမှာ တက္ကသိုလ် ကျောင်းသားအများစုဖြစ် သည်ဟုဆိုသည်။


အဆိုပါကစားရုံ၌ ကစားမည်ဆိုပါက မိနစ်ပိုင်းအတွင်း ကျပ်ဆယ်သိန်းခန့် ရှုံးနိုင်သည်ဟုဆိုသည်။ ““ကျောင်းသား တယောက်ချင်းစီမှာတော့ လေးငါးသောင်း ဖိုးတော့ ကစားကြတာပဲ။ ပွင့်လို့ သိန်း ၂၀ ရတဲ့သူရှိသလို ခဏလေးနဲ့ကုန်သွား သူလည်း ရှိတာပဲ။ ပွင့်တဲ့သူလည်း ဒီမှာပဲ ပြန်ကစားပြီး ကုန်သွားကြတယ်”ဟု ပြောကြားခဲ့သည်။


အဆိုပါကစားကွင်းအတွင်း၌ ဓာတ်ပုံရိုက်ခြင်း၊ ဖုန်းကင်မရာဖြင့် မှတ်တမ်း တင်ခြင်းများကို တင်းကျပ်စွာ တားမြစ်ထားသည်ဟု ၎င်းကပြောသည်။ “ကစားကွင်းထဲက ၀န်ထမ်းတွေက ပြောတာကတော့ တိုင်တဲ့သူတွေရှိရင် မကြာမကြာ ပိတ်ရလို့ ဒါကိုခွင့်မပြုဘူးလို့ ပြောတယ်။ အဲလိုပိတ် ပြီးရင်လည်း မကြာခင် ပြန်ဖွင့်တာ”ဟု ပြောကြားခဲ့သည်။


အဆိုပါကစားကွင်းသည် ကလေး ကစားကွင်းနှင့် 7D ရုပ်ရှင်ရုံဟု အမည်ခံ ထားသော်လည်း လာရောက်သူအများစုက လောင်းကစားမှုပြုရန်အတွက်သာ လာကြသည်ဟုဆိုသည်။ “မြို့ထဲက ကစားကွင်း အသေးလေးတွေက ဆိုင်ကယ်ရပ်နားခ မပေးရဘူး။ ကိုယ်ကစားလို့ပွင့်ရင်လည်း အကောက်မပေး ရဘူး။ ဒီကစားကွင်းကကြီး တော့ ဆိုင်ကယ်ရပ်နားခပေးရသလို ပွင့် ရင်လည်း အကောက်ပေးရတယ်”ဟု ပြောကြားခဲ့သည်။


တက္ကသိုလ်ကျောင်းသားအများစုသည် ယခင်ကငွေကြေးအနည်းငယ်ရှိလျှင် အချင်းချင်းအပျော်တမ်း ဖဲရိုက်ကစားကြသော်လည်း ယခုလောင်းကစားရုံပေါ် ပေါက်လာချိန်မှစ၍ ဖဲဝိုင်းမရှိသလောက် ရှားပါးသွားခဲ့ပြီး အဆိုပါလောင်းကစားရုံသို့သာ သွားရောက်ကစားကြသည်ဟု ဆိုသည်။


ယင်းနှင့်ပတ်သက်၍ ““တက္ကသိုလ် ကျောင်းသားအများစုက ဆယ်ကျော်သက် တွေပါ။ ဒီအရွယ်က အရာရာစူးစမ်းချင်ကြတယ်။ ဒီလို လွယ်လွယ်လောင်း ကစားရုံ ကျောင်းနားမှာရှိတယ်ဆိုတာက ဒီကလေး တွေအတွက် စာရိတ္တပိုင်းမှာ အများကြီး ထိခိုက်စေနိုင်ပါတယ်”ဟု သတင်းသမား တဦးက သုံးသပ်ပြောကြား ခဲ့သည်။


အဆိုပါကစားရုံ၌ အကြွေစေ့ဖြင့် ကစားရပြီး ငါးပစ်ခြင်း၊ အသီးပစ်ခြင်း၊ အကောင်ထိုးခြင်း စသည့် ကစား

နည်းများ ကစားကြပြီး ငါးပစ်ကစားနည်းသည် မိမိ စိတ်ကြိုက်တကြိမ်တည်းဖြင့် ကျပ်သိန်း ဆယ်ချီ၍ ကစားနိုင်သည်ဟုဆို သည်။ 

ယင်းမုံရွာတက္ကသိုလ်အနီးသို့ အဆိုပါ ကစားရုံပေါ်ပေါက်လာခြင်းသည် အလွန်ဆုံး တနှစ်ကျော်ခန့်
သာရှိသေးသည်ဟု ပြောကြားပြီး ယခုအချိန်အထိ လွတ်လပ်စွာ လောင်းကစားမှုပြု၍ရသည်ဟု ဆိုသည်။

ကိုခက်
News Watch , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment