Pages

Sunday, August 3, 2014

Ooredoo ဆင်းကတ်များ ၁၅၀၀ကျပ် ထက်ပိုရောင်းပါကအရေး ယူမည်


 ဓါတ်ပုံ...........အနော်ရထာလမ်းရှိ Ooredoo အရောင်းဆိုင်တစ်ဆိုင်တွင် တန်းစီဝယ်ယူနေသူများကို တွေ့ရစဉ်
RangonNewsDaily:: August . 3 .2014
Ooredoo ဖုန်း မိုဘိုင်းလ်ဖုန်း ဆင်းကတ်များကိုငွေကျပ် ၁၅၀၀ထက် ပိုရောင်းပါက အရောင်း
ကိုယ်စားလှယ်ကို အရေး ယူသွားမည်ဖြစ်ကြောင်း Ooredoo ၏ ပြည်တွင်းအရောင်းဒါရိုက်တာ ဦးမြင့်ဇော်က ပြောသည်။ယနေ့ ရန်ကုန်မြို့ ဆူးလေ ရှန်ဂီလာတွင် ပြုလုပ်သည့် Ooredoo သတင်းစာရှင်းလင်းပွဲတွင် ယင်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ဘယ်လိုအရေးယူမယ်ဆိုတာ သူတို့နဲ့ ဆွေးနွေးတိုင်ပင်ပြီး မှပဲ လုပ်ရပါမယ်။မရောင်းရဘူး
ဆိုတာကိုပြောထားပြီးသားလည်း ဖြစ်ပါတယ်။" ဟု သူကဆိုသည်။
::
Ooredoo မိုဘိုင်းလ်ဖုန်း ဆင်းကတ်တစ်ကတ်လျှင် ငွေ ကျပ် ၁၅၀၀ နှင့်သြဂုတ်လ ၂ ရက်နေ့
ကစကာ ရန်ကုန်၊နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ရောင်းမည်ဟု ကြေငြာထားသော်
လည်း ပြီးခဲ့သည့် ဇူလိုင်လကုန်ရက်ပင် ရောင်းချလျက်ရှိရာ အပူး နံပါတ်များကို ငွေ
ကျပ် နှစ်သောင်းကျော်၊အခြားနံပါတ်များကို ငွေကျပ် ငါးထောင်တို့နှင့် ရောင်းချနေခြင်း
များရှိကြောင်း ၀ယ်ယူသူများထံမှသိရသည်။
::
News Watch ::--KOLATT(PBDN)
RangonNewsDaily
 
 

0 comments:

Post a Comment