Pages

Sunday, August 3, 2014

ကတုံးမနှင့် အမှုလိမ်လည်တိုင်ကြားခဲ့သူများကို ဒုတိယအကြိမ် ရုံးထုတ်

RangonNewsDaily:: August . 3 .2014
မန္တလေး ပဋိပက္ခ အစပျိုးစေခဲ့သော အမှုကို လိမ်လည်တိုင်ကြားခဲ့သူ မဖြူဖြူမင်း (ခ)ကတုံးမနှင့် လိမ်လည်အမှု ဆင်ခိုင်းခဲ့သော ရဲထွဋ်၊ နုနုမြတ်တို့ သုံးဦးကို ပျဉ်းမနားတရားရုံး၌ သြဂုတ် ၁ ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘လာတာခဏလေး။ နောက်ရုံးချိန်းအတွက် ရမန်ယူတဲ့ သဘောပါပဲ။ ရုံးထုတ်ပြီး တရားရုံးမှာ စစ်ဆေးတာမျိုးတော့ မရှိပါဘူး’’ ဟု တရားရုံးနှင့် နီးစပ်သည့်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရုံးထုတ်စစ်ဆေးလာသည့် သုံးဦးအပြင် ဟာဂျီထွန်းထွန်းကိုပါ ယခုရုံးချိန်းတွင် ရုံးထုတ်လာခဲ့ကြောင်း သတင်းထွက်ပေါ်လာသော်လည်း အတည်ပြုချက်ယူ၍ မရခဲ့ပေ။
::
တတိယရုံးချိန်းကို သြဂုတ် ၄ ရက်တွင် ထပ်မံချိန်းဆိုထားကြောင်း သတင်းရရှိသည်။ ထိုကဲ့သို့ စစ်ဆေးရာတွင် အချိန် ဆယ်မိနစ်ကျော်သာ ကြာမြင့်ခဲ့ပြီး ၎င်းတို့ကို လုံခြုံရေးအင်အား ၂၀ ကျော်ဖြင့် ၀န်းရံကာ တရားရုံးအပြင်မှ သတင်းထောက်များကို ဓာတ်ပုံရိုက်ခွင့် မပြုခဲ့ပေ။ တရားရုံးသို့ ပျဉ်းမနားဒေသခံအများအပြားလည်း လာ ရောက်ကြည့်ရှုခဲ့ကြသည်။
::
ဇူလိုင် ၁ ရက်တွင် ဖြူဖြူမင်း(ခ) ကတုံးမအား ဘာသာခြားအမျိုး သားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် မန္တလေးမြို့ တွင် ပဋိပက္ခများဖြစ်ပွားရာမှ လူ နှစ်ဦးသေဆုံး၊ ရှစ်ဦး ဒဏ်ရာရရှိ ပြီး ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ရသည်။ ယခုအခါ ထိုပဋိပက္ခနှင့် ဆက်စပ်သူ ၄၉ ဦးကို ဖမ်းဆီးအရေးယူထားသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily


 

0 comments:

Post a Comment