Pages

Sunday, August 3, 2014

ကမ္ဘာ့မှာ Mobile Apps တွေ အများဆုံး ၀ယ်ယူတဲ့နိုင်ငံဖြစ်လာတော့မယ့် အိန္ဒိယ


RangonNewsDaily:: August . 3 .2014
Smart Phone ဈေးကွက်မှာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ဟာ မကြာမီမှာ ကမ္ဘာမှာ Mobile Apps အများဆုံးဝယ်ယူတဲ့နိုင်ငံ ဖြစ်လာပါတော့မယ်။ လက်ရှိ India ရဲ့ Apps တွေကို Download ပြုလုပ်နှုန်းနဲ့ အသုံးပြုနှုန်းတွေအရ ၂၀၁၂ ခုနှစ်မှာ ၁.၅၆ ဘီလီယံ ကနေ ၂၀၁၅ မှာ ၉ ဘီလီယံအထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါဟာ ၃ နှစ်အတွင်း ၇၅ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ပါတယ်။

၂၀၁၄ခုနှစ် အတွင်းက အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလအတွင်း ပြည်သူလူထု အရေ
အတွက် ၂၇ မီလီယံ က လူမှုကွန်ယက်မီဒီယာတွေပေါ်မှာ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ ရေးသားမှု အရေ
အတွက်၂၂၇ မီလီယံကို ပြုလုပ်ခဲ့ပါတယ်။ 

Facebook တစ်ခုတည်းသာမကပဲ Twiiter မှာလည်း ၆၀ မီလီယံ ခန့် ရေးသားမှုတွေ ပြုလုပ်ခဲ့တာ
ကို တွေ့ရပါတယ်။

လေ့လာတွေ့ရှိချက်များအရ အိန္ဒိယလူမျိုးတွေဟာ အခကြေးငွေနဲ့ ၀ယ်ယူရတဲ့ Apps တွေကို အခမဲ့ download ဆွဲခွင့်ရတဲ့ Apps တွေ လောက် အသုံးပြူခြင်း download ပြုလုပ်ခြင်းတွေမရှိတဲ့အတွက် ဒါဟာ အိန္ဒိယနိုင်ငံက Apps ၀ယ်ယူသူတွေဟာ Apps ဖန်တီးသူတွေအတွက် မေးခွန်းထုတ်စရာတစ်ခုဖြစ်နေ

ပါတယ်။

menxp , trend , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment