Pages

Sunday, August 3, 2014

ပရိသတ်မုန်းမှာ ကြောက်လို့ အရမ်းဟဲဗီးဗန့်စ်ဆန်တဲ့ ကားတွေ မရိုက်ချင်ဘူးလို့ဆိုတဲ့ သွန်းဆက်


RangonNewsDaily:: August . 3 .2014
ဗီဒီယိုဇာတ်ကားတွေ ရိုက်လာရပြီးနောက်ပိုင်းမှာ ခေါင်းဆောင်မင်းသမီး နေရာတွေမှာတောင် သရုပ်

ဆောင်လာရပြီဖြစ်တဲ့ သွန်းဆက်နဲ့ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းဖြစ်ခဲ့တဲ့အခါ “ညီမ အခု
လတ်တလောမှာ ကိုဇေရဲထက်၊ ကိုကျော်ကျော်နဲ့ ဗီဒီယိုဇာတ်ကားရိုက်နေတယ်။
ဒါရိုက်တာ ဦးဟိန်းစိုးပါ။ ဒီဇာတ်ကားမှာ ညီမက ဂျာနယ်လစ် တစ်ယောက်အဖြစ် သရုပ်ဆောင် ရပါတယ်။ အဲဒါကတော့ အစ်မတို့ သတင်းထောက်တွေရဲ့ ပုံစံကိုလေ့လာပြီးတော့ပဲ သရုပ်ဆောင်ဖြစ်ပါတယ်။

သတင်းထောက် တစ်ယောက်ပုံစံ သရုပ်ဆောင်ရတယ်ဆိုတော့ အဝတ်အစားပိုင်းကို စပို့ရှပ်၊ ရှပ်အင်္ကျီ၊ အကွက်နဲ့ ဘောင်းဘီရှည်ပဲ ဝတ်ဖြစ်ပါတယ်။”လို့ သူမက ပြောပါတယ်။

ခေါင်းဆောင်မင်းသမီးနေရာက ရိုက်ထားတဲ့ ဗီဒီယို ဇာတ်ကားတွေ ဒီလမှာ ဆက်တိုက်ထွက်လာတော့မယ် သူမက ဇာတ်ရုပ်ရွေးချယ်မှုအပိုင်းနဲ့ ပတ်သက်ပြီး “ညီမကအောင်သီရိနဲ့ စာချုပ်ချုပ်ထားတာဆိုတော့ တိုက်ကလာပေးတဲ့ ဇာတ်တွေကိုပဲရိုက်တာများ ပါတယ်။ သူတို့ကလည်း ညီမနဲ့လိုက်တဲ့ ကာရိုက်တာ

ပဲ ပေးတာများတယ်လေ။ ညီမကို တစ်ခြားထုတ် လုပ်ရေးတွေကနေ လာကမ်းလှမ်းကြရင်တော့ ညီမသေ
ချာရွေးဖြစ်ပါတယ်။

 နောက်ပြီးညီမဗန့်စ် ဆန်တဲ့ ကားမျိုးတွေ မရိုက်ချင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညီမက အခုမှ သရုပ်ဆောင် အသစ်စလုပ် နေရဆဲ၊ ခေါင်းဆောင်မင်းသမီးဖြစ်ကာစဆိုတော့ ညီမက အဲဒီလို အရမ်းဟဲဗီး ဗန့်စ်ဆန်တာတွေကို ရိုက်လိုက်မယ်ဆိုရင် ညီမကို ပရိသတ်မုန်းသွားမှာ ကြောက်တယ်။ 

သွန်းဆက်ကို ပရိသတ်တော်တော် များများက ကလေးဆန်တဲ့စွာတဲ့ ကာရိုက်တာနဲ့လိုက်တယ်လို့ ပြောကြ
ပါတယ်။ ညီမသရုပ်ဆောင် တဲ့အခါမှာ ကာရိုက်တာနဲ့အညီ အံဝင်အောင်လုပ်နိုင်တာကိုတွေ့ရတယ်။

နောက်ပြီး ကိုပြေတီဦး၊ ဦးလူမင်း၊ တို့ကညီမရဲ့ဆရာတွေပါပဲ။ သူတို့တွေနဲ့ညီမက ရိုက်ဖြစ်တာ ပိုများတယ်

ဆိုတော့ ညီမကို အမြဲသင်ပေးကြပါတယ်။ တစ်ခြားမင်းသားတွေ၊ ဒါရိုက်တာနဲ့ ရိုက်တဲ့အခါမှာလည်း သူတို့တွေက ညီမကိုသင်ပြပေးကြပါတယ်။ အဲဒါတွေကြောင့်မို့လည်း ညီမအကောင်းဆုံး ကာရိုက်တာ နဲ့အညီ သရုပ်ဆောင်နိုင်ခဲ့တာပါ။ 

အချိန်ခဏလေးအတွင်းမှာ ခေါင်းဆောင်မင်းသမီး ဖြစ်လာတာကတော့ ညီမစလုပ်တုန်းကဆို တစ်ခန်း၊ နှစ်
ခန်းလောက် ပါတာမျိုးတွေလည်း သရုပ်ဆောင် ခဲ့ရပါတယ်။ 

ညီမအခုလို ခေါင်းဆောင်မင်းသမီး ဖြစ်လာတယ်ဆိုတာကလည်း အောင်သီရိ ထုတ်လုပ်ရေးကနေ ညီမကို ယုံယုံကြည်ကြည်နဲ့ လုပ်ပေးခဲ့တာဆိုတော့ အရမ်းပျော်တယ်။ ညီမရဲ့ကျေးဇူးရှင်ပါ။ အဲဒီ့အတွက် အများ
ကြီး ကျေးဇူးတင်ပါတယ်။ ကိုပြေတီဦးနဲ့ဦးလူမင်းကိုလည်း ကျေးဇူးတင်ပါတယ်။ 

ညီမအနေနဲ့ နောက်ပိုင်းမှာလည်း ကြိုးစားအားထုတ်မှုကတော့ဒီထက်အများကြီး ကြိုးစားသွားမယ်။ ပရိ
သတ်တွေကလည်း သွန်းဆက်ရဲ့ခေါင်းဆောင်မင်းသမီးကားတွေထွက်လာလို့ ကြည့်တဲ့ အခါမှာ ပရိသတ်
ရဲ့တုန့်ပြန်မှုအခြေအနေဘယ်လိုအနေအထားမျိုးရှိတယ်ဆိုတာ ကိုကြားရမယ်။ 

ပရိသတ်အားပေးမှ သွန်းဆက်ဆိုတာဖြစ်လာမှာဆိုတော့ ညီမကို ပရိသတ်ကြီးက အားပေးချစ်ခင်စေချင်
ပါတယ်”လို့ သူမက ပြောပြသွားပါတယ်။

trend , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment