Pages

Sunday, August 3, 2014

မြောက်ကိုရီးယား အစိုးရက ငွေစက္ကူ အသစ်များ ရိုက်နှိပ်ထုတ်ဝေ

RangonNewsDaily:: August . 3 .2014
မြောက်ကိုရီးယားမှ လမ်းဘေးဈေးဆိုင်ငယ်လေးများ Photo - The Timesမြောက်ကိုရီးယား အစိုးရသည်

နိုင်ငံအတွင်း လက်ရှိအသုံးပြုနေသည့် ငွေစက္ကူများ နေရာတွင် အစားထိုးရန် ဒီဇိုင်းသစ် ငွေစက္ကူများကို ထုတ်ဝေခဲ့ကြောင်း သိရှိရသည်။
တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေးဌာန (NIS)က မြောက်ကိုရီးယား အစိုးရ၏ လုပ်ဆောင်မှု
သည် ပြည်သူများ၏ ပုဂ္ဂလိက ငွေကြေးစုဆောင်း သိုမှီးထားမှု လျှို့ဝှက်ချက်များကို ဖယ်ရှားရန် ရည်ရွယ်
ခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ 

ဇူလိုင်(၃၀)ရက်က စတင်ထုတ်ဝေခဲ့သော ငွေစက္ကူသစ်များတွင် ကွယ်လွန်သူ အာဏာရှင် ခေါင်းဆောင်
ဟောင်း ကင်မ်ဂျုံအီလ်ပုံ ရိုက်နှိပ်ထားသည့် ဝမ်(၅၀၀၀)တန် ငွေစက္ကူများလည်း ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

လက်ရှိသုံးစွဲနေသည့် ငွေစက္ကူ အဟောင်းများကို အချိန်အတိုင်းအတာ တစ်ရပ်အတွင်း ပယ်ဖျက်ပစ်ပြီး

 ငွေစက္ကူ အသစ်များနှင့် လဲလှယ်ရန် မြောက်ကိုရီးယား အစိုးရက အမိန့်ထုတ်ပြန်ခဲ့သည်ဟု NISက ဆို
သည်။ “ဒီလုပ်ဆောင်မှုက ငွေကြေးအလုံးအရင်း စုဆောင်းထားတဲ့ ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ ငွေကြေး
အားလုံးကို မဖြစ်မနေ ထုတ်ပြလာရဖို့ လုပ်ဆောင်လိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်”ဟု တောင်ကိုရီးယား ဥပဒေပြု အမတ်တစ်ဦးဖြစ်သည့် လီချိုလ်ဝူက ယွန်ဟပ်သတင်းစာသို့ မှတ်ချက်ပြု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားတွင် အစိုးရက ခွဲဝေဖြန့်ချိပေးသည့် ပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရယူပြီး တစ်ဆင့်

ရောင်းချသည့် မှောင်ခိုဈေးကွက် ကျယ်ပြန့်နေပြီး တရုတ်ယွမ်ငွေကို အဓိက အသုံးပြု ပေးချေလေ့ ရှိကြ
သည်။ 

ထိုအခြေအနေက တရားမဝင် ငွေကြေးလဲလှယ်မှု ဈေးကွက်တစ်ခုကိုလည်း ကြီးထွားလာစေကြောင်း သိရှိရသည်။

Channelnewsasia , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment