Pages

Sunday, June 29, 2014

ဘရာဇီး ကွာတာတက်ပြီး ချီလီအသင်း အိမ်ပြန်ရပြီ


RangonNewsDaily:: June . 29 .2014
ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက် အဆင့် ပထမဆုံးပွဲစဉ်အဖြစ် ဒီကနေ့ည ကစားခဲ့ကြတဲ့ ဘရာဇီးအသင်းနဲ့ ချီလီအသင်းတို့
ရဲ့ ပွဲမှာ မိနစ် ၁၂၀ ကစားပြီး ၁-၁ ဂိုး သရေကျနေတဲ့ အတွက် ပင်နယ်တီ အဆုံးအဖြတ် ကစားရာမှာ ၃-၂ ဂိုးနဲ့ အိမ်ရှင် ဘရာဇီး အသင်းက အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို အစောဆုံး တက်သွားပြီဖြစ်ပါတယ်။

ဒီကနေ့ပွဲမှာ နှစ်သင်းလုံးက အားထားရတဲ့ ကစားသမားတွေကို လူစုံထုတ်ပြီး ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပထမပိုင်းပွဲချိန် ၁၈ မိနစ်မှာ ဘရာဇီးအသင်းနောက်ခံလူ ဒေးဗစ်လူးဝစ်က အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် ပွဲချိန် ၃၂ မိနစ်မှာ ချီလီအသင်းတိုက်
စစ်မှူး ဆန်းချက် က ချေပဂိုးသွင်းယူသွားပါတယ်။ ဒုတိယပိုင်းမှာ ဘရာဇီးတိုက်စစ်မှူး Hulk ဂိုးသွင်းခဲ့ပေမယ့် လက်နဲ့
တားပြီးမှ ဂိုးသွင်းတယ်ဆိုပြီး ဒိုင်က ဂိုးအဖြစ် သတ်မှတ်မပေးခဲ့ပါဘူး။

နှစ်သင်းလုံး က အကြိတ်အနယ် ကစားခဲ့ကြပြီး မိနစ်ကိုးဆယ် အထိ ဂိုးသွင်းနိုင်ကြခြင်း မရှိသလို အချိန်ပို မိနစ် သုံးဆယ် ဆက်ကစားခဲ့ကြရာမှာလည်း အနိုင်ဂိုး သွင်းယူနိုင်ခြင်းမရှိခဲ့ကြပါဘူး။ ဒါကြောင့် ပင်နယ်တီ အဆုံး အဖြတ် ကန်ရာမှာ ဘရာဇီးအသင်းက ၃-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားတာဖြစ်ပါတယ်။ 

ပင်နယ်တီ အဆုံးအဖြတ် ကန်ရာမှာ ဘရာဇီးဂိုးသမား ဆီဆာက ၂ ဂိုး ပုတ်ထုတ် ကာကွယ်ပေးသွားပါတယ်။ဒီကနေ့
ညပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ဘရာဇီးအသင်းအနေနဲ့ မာကျောလှတဲ့ ချီလီအသင်းကို ပြတ်ပြတ်သားသား အနိုင်မယူနိုင်ခဲ့ကြတဲ့ အတွက် ကစားသမားတွေအနေနဲ့ ရှုံးမှာကို စိုးရိမ်နေကြပုံရပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားချိန်မှာ တိုက်စစ်မှူး နေမာ အပါအဝင် ဘရာဇီးကစားသမားအချို့ ဝမ်းသာပီတိဖြစ်ပြီး ငိုကြွေးခဲ့ကြ
ပါသေးတယ်။
ဒီပွဲနိုင်လိုက်တဲ့ အတွက် ဘရာဇီးအသင်းက ဒီကနေ့မနက် ကစားကြမယ့် ကိုလံဘီယာနဲ့ ဥရုဂွေး အသင်း တို့ထဲက နိုင်တဲ့ အသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့မှာဖြစ်ပါတယ်။
ဧရာဝတီ , KOLATT(PBDN)
RangonNewsDaily



















0 comments:

Post a Comment