Pages

Sunday, June 29, 2014

လမြတ်ရမသွာန်မည်သို့ ဖြတ်သန်းရမည်နည်း အပိုင်း(၂)


بسم اللہ الرحمن الرحیم

" လမြတ်ရမဿွာန်ရိုဇာ၏ အရေးကြီးပုံ "

RangonNewsDaily:: June . 29 .2014
ရမဿွာန်လမြတ်၌အရေးကြီးဆုံး အေဗာဒတ်မှာ ရိုဇာပင်ဖြစ်သည်။

ရှရီအသ်တရားတော်၏ ဝေါဟာရ၌ ရိုဇာ၏ အဓိပ္ပါယ်မှာ ( တစ်ဦးတစ်ယောက်သည် ရိုဇာ၏ နီယသ်ထား၍ ဆွဗ်ဟေ့စွာဒစ်က် (နံနက်မိုးသောက်အာရုဏ်ဦးချိန်)မှ ညနေနေဝင်သည့်အချိန်ထိ စားခြင်း၊ သောက်ခြင်း၊ သံသဝပြုခြင်းတို့မှ မိမိကိုယ်ကိုယ် ထိန်းချုပ်ထားခြင်းအား ခေါ်ဆိုပေသည် )
အကယ်၍ အကြင်သူတစ်ဦးတစ်ယောက်သည် နီယသ်မပြုဘဲ တစ်နေကုန် အစာငတ်ခံ ရေငတ်ခံခဲ့မည်ဆိုလျှင်လည်း ထိုသူ၏ ရိုဇာ အထမမြောက်ပေ၊ ၊ဤနည်းအတိုင်းပင် အကယ်၍ အကြင်သူတစ်ဦးတစ်ယောက်သည် စွဗ်ဟေ့စွာဒစ်က် (နံနက်မိုးသောက်အရုဏ်ဦးချိန်) ကျော်လွန်ပြီးမှ အစားအစာအနည်းငယ်စားသောက်ခဲ့သော် (သို့) နေမဝင်မီအလျှင် တစ်မိနစ်အလိုခန့်မှ အနည်းငယ်စားသောက်ခဲ့သော် ၎င်းသူ၏ ရိုဇာလည်း အထမြောက်မည်မဟုတ်ချေ။

နီယသ်ပြုသည့်အခါ နှုတ်လျှာမှပြောဆိုရန်မလိုအပ်ဘဲ စိတ်ထဲမှ ရည်စူးမှု ပြုလိုက်သည်ပင် လုံလောက်သွားပေမည်။ (မအာရိဖုလ်ကုရ်အားန်အတွဲ(၁) စာမျက်နှာ-၄၄၂)

ရမဿွာန်လမြတ်၏ ရိုဇာသည် အစ္စလာမ့်တရားတော်၏ မဏ္ဍိုင်များထဲမှ မဏ္ဍိုင်တစ်ခုဖြစ်သည်။

ယင်းလမြတ်ရမဿွာန်၏ ရိုဇာသည် ဗဒနီး အေဗာဒတ် (ခန္ဓာကိုယ်နှင့်ရင်းပြီး ပြုလုပ်ရသည့်အေဗာဒတ်) တစ်ခုဖြစ်ပြီး ဖရ်သွေ့အိုင်းန်လည်ဖြစ်သည်။

ဖရ်သွေ့အိုင်းန်၏ အလိုသဘောမှာ (မုကလ္လဖ်) တရားတော်၏ ကိစ္စအဝဝအား ဆောင်ရွက်ရန် တာဝန်ပေးခြင်းခံရသူတိုင်း ယင်း(ဖရ်သွေ့အိုင်းန်)အား ပြုလုပ်ရမည်။ လူအချို့ ပြုလုပ်လိုက်သည်နှင့် အခြားသူများဘက်မှာပါ တာဝန်ကျသွားခြင်းမျိုးမဟုတ်ပေ။

ရမဿွာန်လမြတ်၏ ရိုဇာအားလုံးအားထားရန် အာကိလ်(အသိညဏ်ရှိသူ)၊ ဗာလိဂ်(အရွယ်ရောက်သူ)၊ မွတ်စ်လင်မ်အမျိုးသား၊ အမျိုးသမီးတိုင်းအပေါ် ဖရ်သ်ွဖြစ်သည်။

ရမဿွာန်လမြတ်၏ ရိုဇာဖရ်သ်ွဖြစ်ခြင်းအား ညင်းဆန်သူသည် မွတ်စ်လင်မ်မဟုတ်ချေ။

ပြီးနောက် ရှရ်အီးအွဇ်ရ် (တရားတော်မှ ခွင့်ပြုထားသော အကြောင်းပြချက်) မရှိဘဲ အကျပ်အတည်းတစ်စုံတစ်ရာမရှိဘဲ အကြောင်းမဲ့ ယင်းရိုဇာအား စွန့်လွှတ်သောသူသည် အလွန်ကြီးမားသော ဂိုနဟ်ဂါးရ် (အပြစ်ကျူးလွန်သူ) ဖြစ်မည်။

အွမ်ဒသွလ်ဖိက်ဟ်ကျမ်းအတွဲ(၃)စာမျက်နှာ(၁၂၃)

အလ္လာဟ်အရှင်မြတ်၏ အကူအညီဖြင့် ဤတွင်အပိုင်း(၂) ပြီးဆုံးသွားပါပြီ။

အင်န်ရှာအလ္လာဟ်... ရှေ့လာမည့်အပိုင်းဆက်များအားလည်း ဆက်လက်တင်ပြပေးသွားပါမည်။

မဲလ်အကွမ်အက်စ် | အလင်းမျက်ဝန်း
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment