Pages

Sunday, June 29, 2014

မိုးကြိုးပစ်၍ ဓါတ်ကြိုးပြတ်ကျစဉ် ဆိုင်အတွင်းမှ ထွက်လာသူအပေါ်သို့ ပြုတ်ကျသဖြင့် သေဆုံး

RangonNewsDaily:: June . 29 .2014
၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ဒရယ်မီးရပ်ကွက်အတွင်း လျှပ်စစ်ဓါတ်ကြိုးပြတ်ကျ၍ သေဆုံး/ဒဏ်ရာရရှိမှုများဖြစ်ပွားကြောင်း သတင်းအရ ဒိုက်ဦးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ ၎င်းရပ်ကွက် မြို့အ၀င်လမ်း၊ တာဆုံအနီးရှိဓါတ်တိုင်အား မိုးကြိုးပစ်ရာဓါတ်ကြိုးပြတ်ကျစဉ် “ဒိုင်းမွန်း
စတား” လယ်ယာသုံးပစ္စည်းအရောင်းဆိုင်ရှေ့မှ ထွက်လာသည့် ကျောက်တံခါးမြို့နယ်၊ ကုန်းလယ်ရိုးကျေးရွာနေ ဦးအယ်ဒီသန်း(၅၀)နှစ်၏ ကိုယ်ပေါ်သို့ပြုတ်ကျရာ ယာခြေထောက်များအရေခွံလန်လောင်ကျွမ်းကာ ဓါတ်လိုက်သေ
ဆုံးသွားကြောင်းနှင့်ဒိုက်ဦးမြို့နယ်၊ သပြေတောင်ကျေးရွာနေ ဟိန်းဇော်(၂၂)နှစ်မှာ မိုးကြိုးပစ်သည့် အရှိန်ကြောင့်ခေါင်း
မူးဝေသွားကြောင်းသိရှိရ၍ ဒိုက်ဦးမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၁/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment