Pages

Sunday, June 29, 2014

မက္ကဆီကိုအသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ရမည့် နယ်သာလန်နှင့် ဂရိအသင်းကိုအနိုင်ယူမည့် ကော်စတာရီကာ


RangonNewsDaily:: June . 29 .2014
ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ် များ ပထမနေ့ ယှဉ်ပြိုင်ကစားခဲ့ ကြပြီးသည့်နောက် ယနေ့တွင် ဒုတိယနေ့ပွဲစဉ်များအဖြစ် နယ်သာ လန်နှင့် မက္ကဆီကို ကော်စတာရီ ကာနှင့် ဂရိအသင်းတို့ပွဲစဉ်များကို ကစားကြမည်ဖြစ်သည်။
တစ် ဖက်တွင် အုပ်စုပထမအဖြစ်တက် လာသည့် နယ်သာလန်မှာ ဘရာဇီး ကို သရေကစားနိုင်ခဲ့သည့် မက္က ဆီကိုနှင့် တွေ့ရမည်ဖြစ်သဖြင့် ပွဲစဉ်မချောင်ဟု ဆိုနိုင်သည်။ အ အခြားတစ်ပွဲတွင်လည်း ဥရုဂွေး နှင့် အီတလီတို့ကို အနိုင်ကစား ထားခဲ့သော ကော်စတာရီကာက ခံစစ်ကောင်းမွန်သည်ဟု နာမည် ကြီးသည့် ဂရိနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သဖြင့်ယနေ့ပွဲစဉ် နှစ်ပွဲစလုံး သည် အကြိတ်အနယ်ပွဲစဉ်များ ဖြစ်လာကြမည်ဖြစ်သည်။

နယ်သာလန် - မက္ကဆီကို

၂၉-၆-၂၀၁၄ (ည ၁၀း၃၀ )

နယ်သာလန်အသင်းနည်း ပြ ဗန်ဂါးလ်သည် ယခုပွဲစဉ်တွင် အသင်းခေါင်းဆောင်ဗန်ပါစီ ပွဲ ပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာ သောကြောင့် ပြန်လည်အသုံးပြု နိုင်မည်ဖြစ်သည်။ ရှုံးထွက်အဆင့် သို့ တက်ရောက်လာခဲ့သော ဥရောပအသင်းများထဲတွင် ဟော်လန် အသင်းသည် အုပ်စုတွင်းပွဲစဉ် အားလုံးအနိုင်ရသည့် တစ်သင်း တည်းသောအသင်းဖြစ်သည်။ သို့ သော်လည်းတစ်ဖက်တွင် အိမ်ရှင်ဘရာဇီးကို သရေရအောင်ကစား နိုင်ပြီး၊ အုပ်စုတက်လာသည့် မက္က ဆီကိုအသင်း၏ ယုံကြည်ချက် ပြည့်ဝနေမှုကို ယှဉ်ပြိုင်ရာတွင် ခက်ခဲလာနိုင်သည်။

နယ်သာလန်နှင့် မက္ကဆီကို အသင်းကစားမည့် ကက်စတီလာ အိုကွင်းတွင် အပူချိန်သည် ၃၀ ဒီဂ ရီ ခန့်ရှိနေမည်ဖြစ်သောကြောင့် ဟော်လန်အသင်းမှာ အပူချိန်မြင့် မားမှုကြောင့် အခက်တွေ့နိုင် သည်။ အပူပိုင်း ရာသီဥတုထဲတွင် ကစားလေ့ရှိသော မက္ကဆီကို အ သင်းအတွက်မူ ရာသီဥတုမှာ အသာစီးရနေသည်ဟု ဆိုနိုင် သည်။ အုပ်စုတွင်း နယ်သာ လန်အသင်း၏ ဂိုးသွင်းနှုန်းသည် အမြင့်မားဆုံးရှိခဲ့သည်ဟု ဆိုနိုင် သည်။ စပိန်အသင်းကို ၅ ဂိုး၊ ချီ လီအသင်းကို ၂ ဂိုးနှင့် သြစတြေး လျအသင်းကို ၃ ဂိုးသွင်းထား သောကြောင့်စုစုပေါင်း ရဂိုး ၁၀ ဂိုးဖြင့် ဂိုးအများဆုံးအသင်းလည်း ဖြစ်သည်။

ယခုပွဲမတိုင်မီတွင် နယ် သာလန်အသင်း၏ အဓိကကစား သမားများဖြစ်သော ဒီဂျောင်၊ ဘ လင်း၊ ရော်ဘင်နှင့် ဒီဘရစ်တို့မှာ အသေးစားဒဏ်ရာများ ရရှိထား ခဲ့ကြသော်လည်း ပွဲစဉ်အမီကြံ့ခိုင် မှုပြန်လည်ပြည့်ဝလာခဲ့သည်ဟု သိရသည်။ ပွဲပယ်ပြစ်ဒဏ်မှလွတ် မြောက်လာသည့် ဗန်ပါစီသည် ယခုပွဲစဉ်တွင် သေချာပေါက်ပြန် လည်ပါဝင်လာမည်ဖြစ်သည်။ အ သင်းတွင် လီရွိုင်ဖားမှာ သေချာ ပေါက် လွဲချော်မည်ဖြစ်ပြီး၊ ခြေ စွမ်းပြ ကစားထားသည့် မာတင် အင်သည်လည်း ပါဝင်ရန် မသေ ချာပေ။

မက္ကဆီကိုသည် အသင်း တိုင်းသတိထားရသော ခြေစွမ်းရှိ ကြောင်း ကင်မရွန်းနှင့် ခရိုအေးရှားကို အနိုင်ယူပြီး သက်သေပြ ခဲ့သည်။ အိမ်ရှင်ဘရာဇီးပါဝင် သောပွဲတွင် ၃ ပွဲကစားပြီး ပေးဂိုး တစ်ဂိုးသာရှိ၍ ခံစစ်ကြောင်း တောင့်တင်းသည့် အသင်းလည်း ဖြစ်သည်။ အပူချိန်မြင့်မားသည့် အစောပိုင်း ပွဲစဉ်ကို ကစားရမည် ဖြစ်သည့်အတွက် မက္ကဆီကို အ သင်းအတွက် အသာရနိုင်သည်။ ပြီးခဲ့သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲနှစ် ရပ်တွင် မက္ကဆီကိုသည် ကွာတား ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ သည့် အသင်းလည်းဖြစ်သည်။ သို့သော် ထိပ်တိုက်တွေ့ဆုံမှုအရ မက္ကဆီကိုက ဟော်လန်ကို အသာ စီးမရထားပေ။

ပွဲချိန် မိနစ် ၉၀ သရေကျနိုင် ပြီး၊ အချိန်ပိုတွင် နယ်သာလန် အ သင်း အနိုင်ယူသွားဖွယ်ရှိသည်။

ကော်စတာရီကာ - ဂရိ

၃၀-၆-၂၀၁၄ (နံနက် ၂း ၃၀)

ကော်စတာရီကာသည် အုပ် စုကျပ်ထဲတွင် ကျရောက်ခဲ့ပြီး မည်သူမှ မထင်ထားသည့် ပုံစံဖြင့် အုပ်စုပထမနေရာရကာ ရှုံးထွက် အဆင့်သို့ တက်ရောက်လာခဲ့ သည်။ တစ်ဖက်မှ အုပ်စုဒုတိယ ဖြင့် တက်ရောက်လာခဲ့သည့် ဂရိ သည်လည်း နောက်ဆုံးပွဲစဉ်တွင် အိုင်ဗရီကို့စ်ကို နာကျင်အချိန်ပို တွင် သွင်းသော ပင်နယ်တီဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ နှစ်သင်း စလုံးသည် အုပ်စုမှလွတ်ရန် ခက် ခဲသည့် အခြေအနေမှ ယခုအဆင့် ရောက်လာခဲ့ခြင်းဖြစ်၍် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အရှုံးအနိုင်ပေါ်ရန် ခက်ခဲနိုင်သည်။ ကော်စတာရီကာသည် ဥရုဂွေး၊ အီတလီ၊ အင်္ဂလန် ၃ သင်းစလုံးကို တစ်ဂိုးသာပေးခဲ့ရသဖြင့် ခံစစ်ကြောင်းတောင့်တင်းသည့် အသင်းတစ်သင်းလည်း ဖြစ်သည်။ တိုက်စစ်အားနည်းလေ့ရှိ သည့် ဂရိအသင်းကို ကော်စတာရီကာ ခံစစ်ကြောင်းက အလွယ်တကူဂိုး မပေးရနိုင်ဟုလည်း ဆိုနိုင် သည်။

တန်ပြန်တိုက်စစ်ကစားပုံ များမှတစ်ဆင့် ဂိုးသွင်းသေချာလှ သော ကော်စတာရီကာ ကစားသ မားများကြောင့် ဂရိခံစစ်ကြောင်း အလုပ်ရှုပ်သွားနိုင်သည်။ ဂရိ သည် ဂိုးမပေးရရန် တစ်သင်းလုံးပိတ်ဆို့ကစားတတ် သည့်အသင်း ဖြစ်သည်။ သို့သော်လည်း ဂျပန် အသင်း တစ်သင်းတည်းကိုသာ ဂိုးမပေးခဲ့ရသည့် ဂရိခံစစ်ကြောင်းသည် ယခင်ကကဲ့သို့ လုံခြုံမှုမရှိ တော့ဟု ယူဆနိုင်သည်။ အဖွင့်ပွဲ တွင် ကိုလံဘီယာကို ၃ ဂိုးပေးခဲ့ရ သည့် ဂရိခံစစ်ကြောင်းက ယင်း အချက်ကို သက်သေပြနေသည်။ သို့သော်လည်း ဂရိအတွက် ခံစစ် ကစားပုံထက် အဓိကပြဿနာမှာ တိုက်စစ်ကစားပုံဖြစ်သည်။ ဂရိ တိုက်စစ်သည် ဂိုးရရန် အလွန်ခက်ခဲသည်။ အုပ်စုတွင်းပထမနှစ်ပွဲ ကစားပြီးချိန်အထိ ဂရိသည် တစ် ဂိုးမှမရခဲ့။ အိုင်ဗရီကို့စ်နှင့် ပွဲတွင် လည်း နောက်ဆုံးမိနစ်တွင်ရ ခဲ့သော ပင်နယ်တီကြောင့်သာ နောက်တစ်ဆင့် တက်လှမ်းလာ နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ခံစစ်ကြောင်း ကောင်းမွန်သည် ဟု နာမည်ကြီးနေသည့် ကော်စ တာရီကာခံစစ်ကို ထိုးဖောက်ရန် မလွယ်သလို တိုက်စစ်ကိုလည်း ဟန့်တားရန် မလွယ်ကူပေ။

ကော်စတာရီကာကို မိနစ် ၉၀ လုံး ခြေရည်တူ ရင်ဆိုင်ကစား ရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဂရိက တိုက်စစ်ဖွင့် ကစားရန်သာဖြစ်သည်။ ဂရိ က စားပုံ မပြောင်းလဲလာနိုင်သော် လည်း မထင်မှတ်ဘဲ အပြန်အ လှန်ဂိုးများရသွားနိုင်သည်။ နှစ် သင်းစလုံး ယခင်က မတွေ့ဖူး သည့်အတွက် တစ်သင်းခြေစွမ်း ကို တစ်သင်းမှန်းဆရန် ပို၍ခက် ခဲနိုင်သည်။ ပွဲချိန် မိနစ် ၉၀ အ တွင်းမှာပင် ကော်စတာရီကာ အ နိုင်ရနိုင်ပြီး တစ်ဂိုးထက်လည်းပို နိုင်သည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment