Pages

Sunday, June 29, 2014

ဗင်နီဇွဲလားနိုင်ငံတွင် သေဆုံးသူများကို မြှုပ်နှံရန် ခေါင်းတလားများ ရှားပါးလာ


RangonNewsDaily:: June . 29 .2014
ဗင်နီဇွဲလားနိုင်ငံ ၌ အခြေခံကုန်ပစ္စည်းများနှင့်အ တူ အခြားကုန်ပစ္စည်းအများအ ပြား ရှားပါးပြတ်လပ်လျက်ရှိရာ သေဆုံးသူများကို သင်္ဂြိုဟ်ရန် ခေါင်းတလားများပင် ရှားပါးနေ သည်။
ငွေကြေးဖောင်းပွမှု ၆၀ ရာ ခိုင်နှုန်းကျော်နေပြီး အစိုးရအပေါ် ကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ တင် ရှိနေသော အကြွေးများကြောင့် လေကြောင်းလိုင်းများက ၀န် ဆောင်မှုများ ဖျက်သိမ်းထားရာ ရှာဖွေမရနိုင်သော ပစ္စည်းအမျိုး အမည်များ တိုးပွားလာနေသည်။

‘‘အခုဆိုရင် ကျွန်တော်တို့ဆီ မှာ ခေါင်းတလားတွေတောင် မ လုံလောက်တော့ဘူး’’ ဟု ဗင်နီဇွဲ လား စားသုံးသူအဖွဲ့ ဥက္ကဋ္ဌ ရော ဘတ်တိုလီယွန်က ပြောကြား သည်။

၎င်းတို့အဖွဲ့မှာ သေဆုံး သွားသော မိသားစုဝင်များ၏ ဈာ ပနအခမ်းအနားအတွက် သုံးရက် ခန့်ခေါင်းတလားများ ရှာဖွေခဲ့ရ သော ပူဆွေးသောကရောက်နေ သည့် မိသားစုများထံမှ တိုင်တန်း မှု ၁၅ ခုရရှိခဲ့သည်ဟု ရောဘတ် တိုက ပြောသည်။

အချို့မိသားစုများဆိုလျှင် ဈာပနအခမ်းအနားကိုပင် ဖျက် သိမ်းခဲ့ရကြောင်းသိရသည်။

ဗင်နီဇွဲလား အကျပ်အတည်း ကို ၂၀၀၃ ခုနှစ်မှစ၍ အစိုးရက ချမှတ်ခဲ့သော တင်းကျပ်သည့် ငွေ ကြေးထိန်းချုပ်မှုများအပေါ် အ ပြစ်တင်ကြသည်။ ဗင်နီဇွဲလား နိုင်ငံသည် ကမ္ဘာပေါ်တွင် အရန် ရေနံအများဆုံး ပိုင်ဆိုင်သော် လည်း စားသုံးကုန် အားလုံးနီးပါး ကို နိုင်ငံခြားမှ တင်သွင်းနေရ သည်။

ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်ရှိ ဂိုဒေါင်တစ်ခုတွင် အလုပ်သမားတစ်ဦး ခေါင်း တလားများကို ဖြတ်လျှောက်သွားစဉ် (Carlos Garcia Rawlins/REUTERS)

—Ref: AFP , 7Day Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment