Pages

Sunday, June 29, 2014

အမေရိကန်နဲ့ ကမ္ဘာ့မွတ်စလင်တို့အတွက် ရမသွာန်နှုတ်ခွန်းဆက်လွှာ သမ္မတ အိုဘားမား ပေးပို့


RangonNewsDaily:: June . 29 .2014
အမေရိကန်သမ္မတ ဘာရတ်ဟူစိန်အိုဘားမားက အမေရိကန်မွတ်စလင်တွေနဲ့ ကမ္ဘာ့မွတ်စလင်တို့အတွက် ရမသွာန်လမြတ်ရဲ့ ဥပုသ်သီလ
စတင်စောင့်ထိန်းမှု အခါသမယမှာ နှုတ်ခွန်းဆက်စကားပြောကြားလိုက်ပါတယ်။

“အမေရိကန်ပြည်သူတွေရဲ့ကိုယ်စား ကျွန်တော်နဲ့ မစ်ရှဲတို့က အမေရိကန်နဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ မွတ်စလင် တွေအတွက် ရမသွာန်လမြတ် စတင်ချိန်မှာ ကောင်းချီးမင်္ဂလာများကျရောက်ပါစေလို့ ဆန္ဒပြုပါတယ်”လို့ ဇွန်လ ၂၇ ရက်နေ့ သောကြာနေ့မှာ သမ္မတရုံးသတင်းထုတ်ပြန်ရေးက ကြေညာတဲ့ သတင်းစကားမှာ အိုဘားမားက ပြောဆိုထားတာပါ။
“မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး ဥပုသ်သီလစောင့်ထိန်းမှုနဲ့ ၀တ်ပြုဆုတောင်းမှုတွေကတဆင့် ဘာသာရေးကိုင်းရှိုင်းရမယ့် အချိန်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ရမသွာန်လဟာ စီးပွားရေးအဆင်မပြေမှု၊ မညီမျှမှုတွေနဲ့ ကံအကြောင်းမလှသူတွေကို ကူညီဖို့ ကမ္ဘာ့မွတ်စလင်တွေက ပေးထားတဲ့ ကတိက၀တ်တွေကို ဖြည့်စည်းရမယ့်အချိန်လည်းဖြစ်ပါတယ်”လို့ ၎င်းက ထည့်သွင်းပြောဆိုပါတယ်။
အစ္စလာမ်ပြက္ခဒိန်စနစ်အရ န၀မမြောက်ဖြစ်ပြီး မြင့်မြတ်သော ရမသွာန်လကို နက္ခတ္တဗေဒ တွက်ချက်မှုအရ မြောက်အမေရိကတစ်ခွင်မှာ စနေနေ့(ဇွန် ၂၇)ရက်က စတင်ပါတယ်။
ရမသွာန်လမှာ နာမကျန်းဖြစ်သူ၊ ခရီးသည်တို့ကလွဲလို့ အရွယ်ရောက်ပြီး မွတ်စလင်တွေအနေနဲ့ နံနက်အရုဏ်တက်ချိန်မှ ညနေ နေ၀င်ချိန်အထိ အစာမစား၊ ရေမသောက်၊ ဆေးလိပ် မမှီဝဲ၊ လိင်ကိစ္စရှောင်ကျဉ်ကြရပါတယ်။
ဒီလမြတ်မှာ မွတ်စလင်တွေဟာ မိမိကိုယ်ကိုယ် ပြန်လည်ပြုပြင်ပြီး ၀တ်ပြုဆုတောင်းမှုတွေ၊ ကောင်းမြတ်တဲ့ လုပ်ရပ်တွေနဲ့ အလ္လာဟ်အရှင်မြတ်ထံ ပိုမိုနီးစပ်ဖို့ ကြိုးစားကြပါတယ်။
အလားတူ သမ္မတအိုဘားမားက အမေရိကန်မွတ်စလင်တွေက ကံမကောင်းရှာသူတွေကို တနှစ်ပတ်လုံးနဲ့ အထူးသဖြင့် ရမသွာန်လမှာ ပေးကမ်းစွန့်ကြဲကြတဲ့အကြောင်းကိုလည်း အရေးပေးပြောဆိုသွားပါတယ်။
“အခုအချိန် ကမ္ဘာကြီးမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကြောင့် ဝေဒနာခံစားနေရသူတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်၊ ဒီလိုမြင့်မြတ်တဲ့အခါသမယမှာ လူသားတိုင်းရဲ့ လူ့ဂုဏ်သိက္ခာကို ပြန်လည် ဆုပ်ကိုင်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို ဆောင်ရွက်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတဲ့အကြောင်း ပြန်လည်သုံးသပ်ကြရမှာဖြစ်ပါတယ်”
ဒါ့အပြင် အိုဘားမားက နှစ်စဉ် အမေရိကန်မွတ်စလင်တွေကို အိမ်ဖြူတော်ကိုဖတ်ပြီး ၀ါဖြေပွဲကျင်းပလေ့ရှိတာကိုလည်း ထပ်ခါတလည်း ပြောဆိုသွားပါတယ်။
“အမေရိကန်တစ်နိုင်ငံလုံးက မွတ်စလင်တွေကို ဖိတ်ပြီး အိမ်ဖြူတော်မှာ ၀ါဖြေညစာစားပွဲကျင်းပပေးတာ ကျွန်တော်ရဲ့ သမ္မတသက်တမ်း တလျှောက်ပါပဲ”လို့ အိုဘားမားက ဂုဏ်ယူပြီးပြောပါတယ်။
“အခုလည်း နောက်ထပ် ကျွန်တော်တို့ တိုင်းပြည်ကို အကျိုးပြုနေတဲ့ အမေရိကန်နိုင်ငံသား မွတ်စလင်တွေကို ဂုဏ်ပြုဖို့ရှိနေပါသလို ကမ္ဘာတ၀ှန်းက မွတ်စလင်မိသားစုတွေ၊ အသိုင်းတွေအပေါ်မှာ လမြတ်ရမသွာန်ရဲ့ ကောင်းချီးမင်္ဂလာနဲ့အတူ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ နားလည်မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်.. ရမသွာန် ကရီးမ်..ပါ ”လို့ အိုဘားမားက ပြောကြားသွားပါတယ်။
Source : Onislam
ဘာသာပြန် - စိုင်ဖုလ္လာဟ်
Myanmar Muslim Media , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment