Pages

Sunday, June 29, 2014

ဂျိမ်းစ်ရိုဒရီဂွက်ဇ်၏ သွင်းဂိုးနှစ်ဂိုးဖြင့် ကွာတားတက်သည့် ကိုလံဘီယာ

ဂျိမ်းစ်ရိုဒရီဂွက်ဇ်(နံပါတ်-၁၀)ဂိုးသွင်းအပြီး အောင်ပွဲခံနေစဉ်(Photo:AFP)
RangonNewsDaily:: June . 29 .2014
ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယပွဲစဉ်ဖြစ်သည့် ကိုလံဘီယာနှင့် ဥရုဂွေးပွဲတွင်မူ ကိုလံဘီယာအသင်း
က ဖိအားသိပ်မရှိခဲ့ဘဲ နှစ်ဂိုးပြတ်ဖြင့်အနိုင်ရရှိခဲ့ သည်။
ဆွာရက်ဇ်မပါသည့် ဥရုဂွေးတိုက်စစ်တွင် ကာဗာနီနှင့် ဖော်လန်ကို တွဲပေးခဲ့သော်လည်း အလုပ်မဖြစ်ခဲ့သောကြောင့်
 ဖော်လန်ကိုထုတ်ကာ စတူအာနီ၊ အေဘယ်လ်ဟာနန်ဒက်ဇ်၊ ရာမီရက်ဇ်တို့နှင့် တိုက်စစ်မြှင့်ခဲ့သော်လည်းချေပဂိုးပြန်
မရဘဲ အရေးနိမ့်ခဲ့ရသည်။ 

ကိုလံဘီယာအသင်းအတွက် အနိုင်ဂိုးများကို ဂျိမ်းစ်ရိုဒရီဂွက်ဇ်တစ်ဦးတည်းက (၂၈)မိနစ်နှင့် (၅၀)မိနစ်များတွင် သွင်း
ယူပေးခဲ့ပြီး သွင်းဂိုး(၅)ဂိုးဖြင့် ဂိုးသွင်းဘုရင်ဇယားတွင် ထိပ်ဆုံးသို့ရောက်ရှိလာခဲ့သည်။

ပွဲရလဒ်
ကိုလံဘီယာ ၂-၀ ဥရုဂွေး

EMG , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment