Pages

Sunday, June 29, 2014

အိုလမာ ပညာရှင်များအဖွဲ့ချုပ်မှ လမမြင်ကြောင်း ဆုံးဖြတ်ကြေငြာ


RangonNewsDaily:: June . 29 .2014
မြန်မာနိုင်ငံလုံးဆိုင်ရာ အိုလမာ အစ္စလာမ် သာသနာ့ပညာရှင်များ အဖွဲ့ချုပ်မှ ဟစ်ဂ်ျရီ ၁၄၃၅ ခုနှစ်၏ လမြတ်ရမ္မဿွာန်အား ဇွန်လ (၃၀) ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း မြန်မာစံတော်ချိန် (၇း၃၀) အချိန်ခန့်က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
အဆိုပါ ကြေငြာချက်အရ ဇွန်လ (၃၀) ရက် တနင်္လာနေ့သည် လမြတ်ရမ္မဿွာန် (၁) ရက်နေ့ဖြစ်ပြီး၊ ကြေငြာချက်အား အာလင်မ်သာသနာ့ပညာရှင်
ကြီးများ စုပေါင်းစုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက်အား ဓမ္မသတ်မှူးချုပ် မောင်ဝ်လာနာ ရှမ်စွတ်ဒိုဟာမှ အတည်ပြုပေးထုတ်ပြန်ခဲ့ပြီး၊ အိုလမာအဖွဲ့
ချုပ်၏ ဒုဥက္ကဋ္ဌဖြစ်သူ မောင်ဝ်လာနာ မိုဟမ္မဒ် ယူစွတ်ဖ် မှ အများမွတ်စ်လင်မ်များအား ကြေငြာပေးခဲ့တာဖြစ်တယ်လို့ အစီအစဉ်အတွင်း သွားရောက် သတင်းရယူခဲ့တဲ့ အလင်းမျက်ဝန်းသတင်းထောက်များနဲ့ စီဂျေများက သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။


ခေဋီဈက်အို | အလင်းမျက်ဝန်း

ဓာတ်ပုံရှင်းလင်းချက်
» အိုလမာအဖွဲ့ချုပ် ရုံးခန်းအတွင်း မြင်ကွင်း (ဓာတ်ပုံ - hjms | အလင်းမျက်ဝန်း)
» အိုလမာအဖွဲ့ချုပ်၏ ကြေငြာချက် (ဓာတ်ပုံ - hjms | အလင်းမျက်ဝန်း)



0 comments:

Post a Comment