Pages

Tuesday, June 10, 2014

ဒုတိယအကြိမ်အသက်စစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသဖြင့် ယူ-၁၆အသင်းကို လိဂ်(၂)လူငယ်ပြိုင်ပွဲမှ ထုတ်ပယ်

RangonNewsDaily: June . 10 .2014
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးကော်မတီသည် လိဂ်(၂)လူငယ်အသင်း ပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၆ အသင်းအနေဖြင့် ဒုတိယအကြိမ် အသက်စစ်ဆေးရာတွင် ပူးပေါင်းခြင်း မရှိသဖြင့် ပြိုင်ပွဲမှ ထုတ်ပယ်ခဲ့သည်။မြန်မာနေရှင်နယ်လိဂ် လူငယ်ပြိုင်ပွဲ များအတွက်ပြုလုပ်သော ပထမအဆင့် အသက်စစ်ဆေးမှုတွင် ယူ-၁၆ အသင်း အ နေဖြင့် ပါဝင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် လာရောက် ပူးပေါင်းဆောင်ရွက်ခြင်း မရှိ သောကြောင့် မြန်မာနေရှင်
နယ်လိဂ်(၂)လူငယ်ပြိုင်ပွဲမှ ယူ-၁၆အသင်းကို ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ 
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက “ယူ-၁၆ အသင်းဟာ ကျွန်တော်တို့ရဲ့ ပထမအကြိမ် စစ်ဆေးမှုမှာ ပါဝင်ခဲ့ပေမယ့် လိုအပ်တဲ့အချက်အလက်တွေကို ပြန်လည်တင်ပြဖို့ ဒုတိယ အကြိမ် ပြန်လည်ခေါ်ယူခဲ့ပါ
တယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ကျွန်တော်တို့နဲ့ မဆက်သွယ်ခဲ့ပါဘူး။

 ပြိုင်ပွဲတွေ များနေလို့လည်း ဖြစ် နိုင်ပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်း ရောက်မလာတဲ့အတွက် ကျွန်တော်
တို့အနေနဲ့ ပွဲစဉ်ဇယားရေးဆွဲတဲ့အချိန်မှာယူ-၁၆အသင်းကို ထည့်သွင်းရေးဆွဲလို့ မရတော့ပါ ဘူး။ ဒါကြောင့် သူတို့ အနေ
နဲ့ လိဂ်(၂)လူငယ်ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခွင့်မရရှိတော့တာပါ” ဟု မဇိ္ဈမသို့ ပြောသည်။

ထို့အပြင် ယင်းအသက်စိစစ်ရေးအဖွဲ့သည် မြန်မာနိုင်ငံလုံးအဖွဲ့ချုပ်နှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်တို့မှ လမ်းညွှန်မှုပေး

ပါက သက်တမ်းအလိုက် လက်ရွေးစင်အသင်းများကိုလည်း အသက်စစ်ဆေးမှု ပြုလုပ်သွား မည် ဖြစ်သည်။

“ကျွန်တော်တို့အခုလုပ်နေတဲ့ အသက်စစ်ဆေးမှုတွေက လိဂ်တွေရဲ့ လူငယ်ပြိုင်ပွဲတွအတွက်ပဲ လုပ်နေတာ ပါ။ တကယ်

လို့ ဘောလုံးအဖွဲ့ချုပ်နဲ့ ဥက္ကဋ္ဌတို့ဘက်က ညွှန် ကြားမှုရှိခဲ့ရင်တော့ ကျွန်တော်တို့ သက်တမ်း အလိုက် အသင်းတွေကိုပါ အသက် စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။ လောလောဆယ်မှာတော့ သက်တမ်း အလိုက် လက်ရွေးစင်အသင်းတွေကို အသက်စစ်ဆေးမှု လုပ်ဖို့မရှိသေးပါဘူး” ဟု ဦးရဲမျိုးဟိန်းက ထပ်မံ ပြောသည်။

Mizzima News ::-- KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment