Pages

Tuesday, June 10, 2014

အမေရိကန်ရေတပ်မှ ဒုတိယမြောက်ဂျက်လေယာဉ် ထမ်မံပျက်ကျ


RangonNewsDaily: June . 10 .2014
အမေရိကန် ရေတပ်က ဂျက်လေယာဉ်တစ်စီးဟာ California ပြည် နယ် တောင်ပိုင်း ကမ်းခြေမှာ ပျက်ကျပြီးနောက် နာရီအနည်းငယ် အကြာမှာနောက်ထပ် ဂျက်လေယာဉ်တစ်စီးဟာ San Diego အရှေ့ပိုင်းမှာ ထပ်မံပျက်ကျ
ခဲ့ကြောင်း သိရှိရပါတယ်။

ဒါပေမဲ့ လူတစ်ဦး တစ်ယောက်မှ သေဆုံးခြင်း၊ဒဏ်ရာရရှိခြင်း မရှိခဲ့ပါဘူး။

အဲဒီ Naval Air Station in Oceanaရေတပ်အခြေစိုက်စခန်းက F-A-183 ဂျက်လေယာဉ်ဟာ အကြိုတပ်ဖြန့်လေ့ကျင့်မှုမှာလေယာဉ်ကို ဆင်းသက်ဖို့ဆောင်ရွက်နေတုန်း ပျက်ကျခဲ့ရခြင်း ဖြစ်ကြောင်းရေတပ်က သတင်းပေးပို့ပါတယ်။

လေယာဉ်မှူးဟာ အသက်အန္တရာယ်ကင်းစွာ လေယာဉ်ထဲက ထွက်လာနိုင်ခဲ့ပေမယ့် လေယာဉ်ကတော့ ပျက်စီးသွားပါတယ်။ လေယာဉ်မှူး ကို အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ပြီး တစ်ဦးတစ်ယောက်မှကြီးမားသည့် ဒဏ်ရာမရရှိခဲ့ကြောင်း ရေတပ်မှအရာရှိများက ပြောပါတယ်။

The Myanma Age , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment