Pages

Tuesday, June 10, 2014

အစိုးရရဲ့မူဝါဒကို ပြည်နယ်/တိုင်းဒေသကြီးအစိုးရများ ကျေညက်မှုမရှိဟုဆို


RangonNewsDaily: June . 10 .2014
ပြည်သူလူထု၏ လွတ်လပ် စွာ စုဝေးခွင့်နှင့် လွတ်လပ်စွာ ဟောပြောခွင့်ကို တားမြစ်ပိတ် ပင်နေခြင်းမှာ နိုင်ငံတော်အစိုးရ ၏ မူဝါဒနှင့်ပေါ်လစီများကိုဆန့်ကျင်နေခြင်းဖြစ်ကြောင်း၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှကျောင်း
သားခေါင်း ဆောင် ကိုဌေးကြွယ်က ပြောဆို လိုက်သည်။
ဇွန်လ ၉ ရက်က မကွေး တိုင်းဒေသကြီး၊ မကွေးမြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်
လင်း လူ့အဖွဲ့စည်းပုဒ်မ၄၃၆ပြင်ဆင်ရေး ပူးပေါင်းကော်မတီတို့ ဦးဆောင် ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင် ရေး လူထု
ဟောပြောပွဲကို ဒေသ အာဏာပိုင်များက ပိတ်ပင်တား ဆီးမှုများ ပြုလုပ်ခဲ့သည့်အပေါ် ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

““ဥပဒေဘောင်အတွင်းက လူထုရဲ့ လွတ်လပ်စွာ စုဝေးခွင့် လွတ်လပ်စွာ ဟောပြောခွင့်ဆိုတဲ့ အချက်တွေကို ဂရုမပြုဘဲနဲ့ ဒီလို မျိုးတားမြစ်တာတွေ ကန့်သတ် တာတွေက နိုင်ငံတော်အစိုးရ သွားနေတဲ့ မူဝါဒတွေနဲ့ မကိုက် ညီဘူးလို့ ထင်ပါတ
ယ်
””ဟု ကိုဌေး ကြွယ်က ပြောသည်။

နိုင်ငံတော်သမ္မတအနေဖြင့် ပြည်သူများကို ပြောကြားသည့် မိန့်ခွန်းများတွင် ထည့်သွင်းပြော ကြားခဲ့သည့် ““ပွင့်လင်း လွတ်လပ် တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖော် ဆောင်ရန် ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းပြီး ကြိုးစားရပါမယ်””ဆို သည့် မူဝါဒနှင့် ပေါ်လစီများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ များအနေဖြင့် ကျေညက်မှု မရှိ ကြောင်းလည်း ၎င်းကဆက်လက် ပြောဆိုသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး လူထု ဟောပြောပွဲကို ဇွန်လ ၉ ရက် နံနက် ၉ နာရီမှ နေ့လယ် ၁၁ နာရီအထိ မကွေးမြို့၊ အေးေ

တီ ဘုရားကွင်း၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူထုဟောပြောပွဲ ကို မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး နှင့်ဒေသအာဏာပိုင်များက တား ဆီးပိတ်ပင်မှုများ ပြုလုပ်

ခဲ့ပြီး ခွင့် ပြုမိန့် ချမပေးသော်လည်း ဟော ပြောပွဲကိုပြီးဆုံးသည်အထိကျင်းပ ခဲ့ကြောင်းကိုလည်း သိရသည်။

““ဘာပဲဖြစ်ဖြစ် သူတို့ ပြီး အောင်လုပ်သွားတာပဲ။ဘာဆက် ဖြစ်မလဲဆိုတာတော့ ကျွန်တော် အနေနဲ့ မပြောနိုင်ပါဘူး””ဟု မကွေးမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

အဆိုပါ လူထုဟောပြောပွဲ ကျင်းပနိုင်ရေးအတွက် သက်ဆိုင် ရာသို့ မေလ ၂၉ ရက်က ဥပဒေ နှင့်အညီ ခွင့်ပြုမိန့် တောင်း

ခံခဲ့ သော်လည်း ၂ ကြိမ်တိုင်တိုင် ပယ်ချခဲ့သည့်အပြင် မြို့နယ်အုပ် ချုပ်ရေးမှူး ဦးဉဏ်မျိုးက အင် အားသုံးဖျက်ဆီးမည်ဟု ပြောဆိုခဲ့ ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းအတွင်းရေးမှူး ကိုနေမျိုးကျော်က ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ ““ဘယ်လိုလုပ်မယ်ဆိုတာက တော့ ကျွန်တော်တို့လည်း ညှိနှိုင်း ပြီးမှ ပြောလို့ရမှာပါ။ ပြတ်ပြတ် သားသားဆိုတာကလည်း မလုပ် သေးတဲ့အခါကျတော့ ကျွန်တော် တို့ကပြောဖို့ခက်တာပေါ့။ ဒါတွေ ကလည်း လျှို့ဝှက်ထားလို့မှရတာ မဟုတ်ဘဲ။ လုပ်ပြီဆိုရင်တော့ အားလုံးသိလာမှာပါ””ဟု မကွေး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉဏ် မျိုးက ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေး အတွက် ပြည်သူလူထု၏ ဆန်္ဒခံ ယူမှုကို မေလ ၂၇ရက် မှ စတင် ပြုလုပ်ခဲ့ရာ ပြည်သူများ၏ လက် မှတ်အရေအတွက် သန်းနှင့်ချီ ရရှိနေပြီ ဖြစ်ကြောင်းကိုလည်း သတင်းမီဒီယာများ၏ ဖော်ပြ ချက်များအရ သိရသည်။

Hot News Journal , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment