Pages

Tuesday, June 10, 2014

ရထားဝန်ထမ်းများကို အလုပ်ပြန်မခန့်ရင် ကမ္ဘာ့ဖလားဖွင့်ပွဲနေ့အထိ ဆန္ဒပြမည်


RangonNewsDaily: June . 10 .2014
ဘရာဇီးနိုင်ငံ ဆော်ပိုလိုမြို့မှာ ၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ မြို့ပတ်ရထားအလုပ်သမားဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့ 
ညနေပိုင်းက ခေတ္တ ရပ်ဆိုင်းခဲ့ပါတယ်။
အဖြုတ်ခံခဲ့ရတဲ့ မြို့ပတ်ရထားဝန်ထမ်း ၄၂ ဦးကို အလုပ် ပြန်မခန့်ရင် ကမ္ဘာ့ဖလားကွင်းဖွင့်ပွဲ ကျင်းပမယ့် လာမယ့် ဇွန် ၁၂ ရက်နေ့အထိ ထပ်မံဆန္ဒပြမယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက သတိပေးထားပါတယ်။

ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆော်ပိုလိုမြို့မှာ မြို့ပတ်ရထားဆန္ဒပြပွဲတွေကြောင့် ဘောလုံးပွဲလာပရိသတ်တွေ
ခရီးသွားလာရေး အခက်အခဲ ဖြစ်ကြရပြီး ဆော်ပိုလိုလေဆိပ်ကနေ တည်းခိုတဲ့ဟိုတယ်ကို ရောက်ဖို့ ၂ နာရီ၊၃ နာရီ
 လောက် အချိန်ကုန်ကြရတယ်လို့ ဆိုပါတယ်။

မြို့ပတ်ရထားကုမ္ပဏီက အလုပ်သမားတွေကို လုပ်ခ ၉ ရာခိုင်နှုန်းလောက် တိုးပေးခဲ့ပေမယ့်
လည်းဆန္ဒပြအလုပ်သ
မားတွေက လုပ်ခ ၁၂ ရာခိုင်နှုန်းအထိ တိုးတောင်းနေကြတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးကွင်း ဆောက်လုပ်ရေးစီမံကိန်းတွေမှာ ငွေကြေးကုန်ကျမှု များခဲ့ပြီး ဘရာဇီးနိုင်ငံမှာ နောက်ဆက်

တွဲစီးပွားရေး ကျပ်တည်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့် ကျောင်းဝန်ထမ်းတွေ၊ ခရီးသွားလာရေးဝန်ထမ်းတွေနဲ့ အိုးအိမ်မဲ့တွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း

ဆန္ဒပြခဲ့ကြပြီး တချို့လည်း အစိုးရနဲ့ သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

ဘရားဇီးနိုင်ငံရဲ့ စီးပွားရေးအချက်အချာမြို့လည်းဖြစ်တဲ့ ဆော်ပိုလိုမြို့ဟာ ကမ္ဘာ့ဖလားကွင်းဖွင့်ပွဲအပါအ၀င် ဘောလုံးပွဲ ၆ ပွဲ ကစားမှာလည်းဖြစ်ပါတယ်။

DVB , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment