Pages

Tuesday, June 10, 2014

"၂ဝ၁၃ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန် ဆုစာရင်းဝင် ရုပ်ရှင် ဇာတ်ကား ၁၅ကား စာရင်းထွက်ရှိ"


RangonNewsDaily: June . 10 .2014
၂ဝ၁၃ ခုနှစ် မြန်မာရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ခြင်းနှင့် အကျုံးဝင် သည့် ၂ဝ၁၃ ခုနှစ် အတွင်း ရုံတင်ပြသခဲ့ ပြီးသော ရုပ်ရှင်ဇာတ်ကား ၁၅ကား စာရင်းထွက် ရှိ လာပြီ ဖြစ်သော်လည်း အကယ်ဒမီဆု ချီးမြှင့် ပေးအပ်နိုင်ရေး အတွက် လက်ရှိ၌ စိစစ်အကဲဖြတ်ရေး အဖွဲ့များကို ဖွဲ့စည်းထားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ သိရသည်။
အဆိုပါ ဇာတ်ကား ၁၅ကား စာရင်းတွင် ပါဝင်သော ဒါရိုက်တာဝိုင်း ရိုက်ကူး ထားသည့် “စေတန်ရဲ့ကချေသည်” ဇာတ်ကားသည် လက်ရှိ၌ရန် ကုန်တွင် ရုံတင်ပြသနေ ဆဲဖြစ်ပြီး ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် “နင်စေရင်”၊ ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးသည့်”စုန်းပြူး”၊ ဒါရိုက်တာမင်း အုပ်စိုး ရိုက်ကူးသည့် “လူရွှင်တော် အိပ်မက်” ရုပ်ရှင် ဇာတ်ကား များသည် ရန်ကုန်မြို့၌ ရုံတင်ပြသမှု မရှိသေးသော ရုပ်ရှင်ဇာတ် ကားများဖြစ်သည်။

၂ဝ၁၂ခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနား ကို ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင် လုပ်ငန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးတို့မှ ပူးပေါင်း၍ အကယ်ဒမီ ထူးချွန်ဆု ပေးအပ် ချီးမြှင့်ခြင်း ကို ပြု လုပ်ခဲ့ခြင်း ဖြစ်ပြီး ယခု၂ဝ၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနား ကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး က ပြု လုပ် ပေးအပ်ချီး မြှင့်သွားမည်ဖြစ်သည်။

Popular Academy , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment