Pages

Tuesday, June 10, 2014

ရန်ကုန်က အဆောက်အဦ ၄၀ ရာခိုင်နှုန်း တရားမ၀င်


RangonNewsDaily: June . 10 .2014
ရန်ကုန်မှာ စည်ပင်သာယာရေး ကော်မတီက ဆောက်လုပ်ခွင့် ပေးထားတဲ့ အဆောက်အဦရဲ့ ၄၀ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အဆောက်အဦ ၁ ထောင်ကျော်ဟာ ခွင့်ပြုချက် မရပဲ တရားမ၀င် တည်ဆောက်ထားတာ ဖြစ်ပြီး တရားစွဲဆိုထားတယ်
လို့ စည်ပင်အင်ဂျင်နီယာ ဌာန တာဝန်ရှိသူတယောက်က အတည်ပြုပြောဆိုပါတယ်။
၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွင်း စည်ပင် အင်ဂျင်နီယာဌာနဟာ အထပ်မြင့် ၆၀၀ ကျော်နဲ့ လုံးချင်း ၂ ထောင်ကျော် ဆောက် လုပ်ခွင့်ပေးခဲ့ပါတယ်။

အဆောက်အဦ ၁ ထောင်ကျော်ကတော့ တနေ့ ဒဏ်ကြေး ကျပ် ၁ သောင်း ပေးပြီး ခွင့်ပြုချက် မရပဲ တရားမ၀င် တည်ဆောက်နေတဲ့အတွက် အုတ်မြစ်ချစ အဆောက်အဦတွေကိုတော့ ပြန်လည် ဖြိုချမယ်လို့ သူက ပြောပါတယ်။

ခုလို ခွင့်ပြုချက် မယူဘဲ ဆောက်လုပ်မှုတွေ များလာတဲ့အတွက် နောက်ပိုင်း ကန်ထရိုက်တွေနဲ့ လက်သမားတွေကိုပါ အရေးယူသွားမယ့် ဥပဒေကြမ်းတရပ် တင်ပြထားတယ်လို့ သူက ရှင်းပြပါတယ်။

DVB , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment