Pages

Tuesday, June 10, 2014

အိမ်ဖြူတော်မှ ထွက်ခွာခဲ့ချိန်တွင် မွဲပြာကျသွားခဲ့ဖူးကြောင်း ဟီလာရီကလင်တန် ဖွင့်ဟ


RangonNewsDaily: June . 10 .2014
အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၏ ဇနီးသည် ဟီလာရီကလင်တန်က မိမိတို့ ဇနီးမောင်နှံသည် အိမ်ဖြူတော်
မှ ထွက်ခွာခဲ့ချိန်တွင် လုံးဝမွဲပြာကျသည့် အခြေအနေမျိုးထိ ဆိုက်ရောက်သွားခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
ဝှိုက်ဝါးတားအရေးနှင့် မော်နီကာလီဝင်စကီးအရှုပ်တော်ပုံများကြောင့် ဥပဒေကြောင်းဆိုင်ရာ အကုန်အကျ အများအပြား
ရှိခဲ့ပြီးနောက် ကလင်တန်၏ သမ္မတ ရာထူးသက်တမ်း ကုန်ဆုံးချိန်တွင် မိမိတို့ မိသားစု အလွန်ဆင်းရဲ ကျပ်တည်းသွား
ခဲ့ကြောင်း ဟီလာရီက ABCနှင့် အင်တာဗျူး အစီအစဉ်တွင် ထုတ်ဖော် ပြောဆိုသွားသည်။

“အိမ်ဖြူတော်က ထွက်လာတဲ့ အချိန်မှာဆိုးဆိုးရွားရွား မွဲပြာကျသလောက် ဖြစ်နေတယ်။ ဒီ့အပြင် အကြွေးတွေလည်း တင်

နေခဲ့သေးတယ်လေ”ဟု ဟီလာရီက ဆိုသည်။ “အဲဒီအခြေအနေ ရောက်သွားတော့ ကျွန်မတို့မှာ ပိုက်ဆံလုံးဝ မရှိတော့
ဘူး။အရမ်းရုန်းကန်ခဲ့ရတယ်။ ငွေကြေး စာချုပ်စာတမ်း ကိစ္စတွေ၊ နေအိမ်ကိစ္စတွေအပြင် ချယ်လ်ဆီး (ကလင်တန်၏ သမီး
)ရဲ့ ပညာရေး ကိစ္စတွေက အစပေါ့။ တကယ့်ကို ခက်ခဲလွန်းခဲ့ပါတယ်”ဟု ဟီလာရီက ပြောကြားခဲ့သည်။

(၁၉၉၉)ခုနှစ်တွင် ရန်ပုံငွေ ထူထောင်သူ တယ်ရီမက်အော်လစ်ဖ် (လက်ရှိ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး)က နယူး

ယောက်တွင် နေအိမ်တစ်လုံး ကူညီထောက်ပံ့ပေးသဖြင့် ဟီလာရီ အနေဖြင့် လွှတ်တော်တွင်း ပြန်လည်ခြေကုပ်ယူနိုင်ရန် အထောက်အကူ ဖြစ်ခဲ့ကြောင်းလည်း သိရသည်။

(၂၀၀၉)ခုနှစ်တွင်မူ ဟီလာရီသည် အမေရိကန် သမ္မတ ဘာရက်အိုဘားမား၏ အစိုးရအဖွဲ့တွင် နိုင်ငံခြားရေး ဝန်ကြီး

အဖြစ် တာဝန်ယူရန် ပြင်ဆင်နေခဲ့ပြီး ထိုအချိန်တွင်မူ ကလင်တန် မိသားစု၏ ကြွယ်ဝမှုသည် ဒေါ်လာ (၁၀)သန်းမှ သန်း
(၅၀)ကြားထိ ရှိနေပြီဟု သတင်းများက ခန့်မှန်းခဲ့သည်။

ABC သတင်းဌာနမှ ဒိုင်ယာနေ ဆော်ယာက ဟီလာရီအား “မိန့်ခွန်းပြောဆိုမှုတွေကနေ ရှင့်အနေနဲ့ ဒေါ်လာ (၅)သန်း

လောက် ရရှိခဲ့ပြီး သမ္မတကတော့ ဒေါ်လာ သန်း(၁၀၀)လောက် ရရှိခဲ့တယ် မဟုတ်လား”ဟု မေးမြန်းမှုနှင့် ပတ်သက်ပြီး ဟီလာရီက သူမတို့ မိသားစု အနေဖြင့် ငွေကြေးပြတ်လပ်သွားခဲ့ကြောင်း တုံ့ပြန် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

“အရင်ဆုံးကတော့ ကျွန်မတို့ အနေနဲ့ အကြွေးတွေကို အရင်ပေးချေရတယ်လေ။ကျွန်မခင်ပွန်းက ငွေကို နှစ်ဆရှာရေ
တာ့
တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အခွန်တွေရှိသေးတယ်။ အကြွေးတွေ ပေးရဦးမယ်။ ပြီးတော့ နေရေးထိုင်ရေးနဲ့ မိသား
စုဝင်တွေကို စောင့်ရှောက်ဖို့လည်း ရှိနေသေးတယ်လေ”ဟု ဟီလာရီက ပြောကြားသွားသည်။

Telegraph , 7Day Daily , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment