Pages

Wednesday, May 14, 2014

မြစ်ကြီးနားဆွေးနွေးပွဲအပြီး ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် သဘောတူ

RangonNewsDaily: May . 14 .2014
အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးပွဲအပြီးတွင်ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကိုဖွဲ့စည်းရန်သဘော
တူညီလိုက်သည်ဟု နှစ်ဖက်အဖွဲ့၏ မေလ ၁၃ရက် ညနေက ထုတ်ပြန်လိုက်သည့် ပူးတွဲကြေငြာချက်တွင် ဖော်ပြထား
သည်။ 
အဖွဲ့နှစ်ဖွဲ့၏ ပူးတွဲကြေငြာချက် အချက်ငါးချက်တွင် ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ဖွဲ့ရန်အပြင်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေသည့် ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန်ဦးစားပေး ဆွေးနွေးခဲ့ကြောင်းနှင့် နောက်တစ်ကြိမ် အစည်း
အဝေး ထပ်မံကျင်းပရန် ညှိနှိုင်းဆောင်ရွက်ရန်လည်း သဘောတူခဲ့သည်ဟု ပါဝင်သည်။

အစိုးရနှင့် ကေအိုင်အိုတို့သည် မေလ ၁၃ရက် နံနက် ၉နာရီမှ စတင်ကာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်းရှိ မဂျွယ်ခန်းမတွင်ကချင်ပြည်နယ်အတွင်းတိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းအပေါ်သုံးသပ်ဆွေးနွေး
ခဲ့ကြ
သည်။ ယင်းအပြင် ၂၀၁၃ခုနှစ် မေလနှင့် အောက်တိုဘာလကတွေ့ဆုံမှုနောက်ပိုင်း ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များ
ကိုလည်း ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆွေးနွေးပွဲ မစတင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းက ပူးတွဲ အပစ်အခတ် စောင့်ကြည့်ရေး အဖွဲ့ကို အစပျိုး Pilot Project အနေဖြင့် အကောင်အထည် ဖော်ရန်နှင့် အချို့ဒုက္ခ

သည်များ နေထိုင်ရာ ရွာများကို ဆန္ဒအလျောက် ပြန်လည် အခြေချနိုင်ရန် အစပျိုး Pilot Projectများ စရန် တိုက်တွန်း
ပြောကြားခဲ့သည်။

မြစ်ကြီးနား ဆွေးနွေးပွဲသို့ အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထော
င်စု
ဝန်ကြီး ဦးအုန်းမြင့်၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး ၊ ကချင်ပြည်နယ် ၀န်ကြီးချုပ် အစရှိသည့် တာဝန်ရှိသူများ၊ ကေအိုင်အိုဘက်မှ အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် အပါအ၀င် တာဝန် ရှိသူများ တက်ရောက်
သည်။

အစည်းအဝေးသို့ တက်ရောက် လေ့လ့ာသူများ အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရုံးမှ ကိုယ်စားလှယ် ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် ၊ တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNFC)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP) တို့လည်း တက်ရောက်ခဲ့သည်။


Mizzima News ,  KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment