Pages

Wednesday, May 14, 2014

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းတံတား အနီး ဆိုင်ကယ်ကယ်ရီနှင့် ငှားရမ်းသူများ အဖွဲ့လိုက်ရန်ဖြစ်ရိုက်နှက်ရာ တစ်ဦးသေဆုံး

RangonNewsDaily: May . 14 .2014
ဆိုင်ကယ်ကယ်ရီမောင်းသူ ခြောက်ဦးနှင့် ဆိုင်ကယ်ငှားသူ လေးဦးတို့ စကားများပြီး
အုပ်စုဖွဲ့ ရန်ဖြစ်ရာမှ ဆိုင်ကယ်ငှားသူများ အရိုက်ခံရပြီး အမျိုးသားတစ်ဦး သေဆုံး
ခဲ့ကြောင်း သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်နေ အ မျိုးသားလေးဦးသည် မေ ၁၀ရက် ညက အလုပ်ကိစ္စဖြင့် ရွှေလင်ပန်းရပ်ကွက်ရှိ ၁၀၃လိုင်းကားဂိတ်သို့ စက်ဘီးဖြင့်သွားခဲ့ကြသည်။ အပြန် လမ်းတွင် စက်ဘီးဘီးပေါက်၍ ဆိုက်ကယ်ကယ်ရီငှားစီးရန် ရွှေလင်ပန်းဘုန်းကြီးကျောင်း ရှေ့ရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင် ဆိုင်ကယ်ငှားကြသည်။

ထိုအခါ ကယ်ရီမောင်းသူများနှင့် စကားများသောကြောင့် ဆိုင်ကယ်မငှားတော့ဘဲ စက်ဘီးကို ဆက်တွန်းလာခဲ့ကြသည်။ ရွှေလင်ပန်းတံတားအဆင်းသို့ ရောက်သောအခါ ဆိုင်ကယ်ကယ်ရီသမား ခြောက်ဦးခန့်က နောက်မှလိုက်လာကာ သစ်သားတုတ်များဖြင့် ၀ိုင်းရိုက်ခဲ့ကြောင်း အမှုဖွင့်သူများကပြောသည်။
::
ဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦး ညာဘက်နားအုံပေါက်ခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် မေ ၁၁ရက် နံနက်ကသေဆုံးခဲ့သည်။

နောက်ထပ်အမျိုးသားတစ်ဦးတွင်လည်း ဦးခေါင်းနှင့် ဘယ်ဘက်မျက်ခုံးတို့၌ ဒဏ်ရာများရခဲ့၍ ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် လှိုင်သာယာ မြို့မရဲစခန်းသို့ တိုင်ကြးခဲ့သည်။လှိုင်သာယာမြို့နယ်နေသူများဖြစ်သည် လှသိန်း၊ စိုးသိန်း၊ သန်းလွင်တို့သုံးဦးနှင့် အခြားအမည်မသိသူသုံးဦးတို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
::
ရန်ကုန်မြို့တွင် ဆိုင်ကယ်မစီးရန် သတ်မှတ်ထားသော်လည်း ဆိုင်ကယ်စီးသူများနှင့်
အခကြေးငွေဖြင့် ဆိုင်ကယ်ကယ်ရီအငှားလိုက်သူများများပြားနေရာ အထက်ပါအ
တိုင်း ပြစ်မှုများဖြစ်ပွားမှသာ ဖမ်းဆီးအရေးယူလေ့ရှိသည်။ 

တရားမ၀င်ဆိုင်ကယ်စီးသူများကို အင်းစိန်နှင့် လှိုင်သာယာမြို့နယ်အတွင်း အများဆုံးဖမ်းမိလေ့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှုခင်းမှတ်တမ်းအရ သိရှိရသည်။

Today Myanmar ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment