Pages

Wednesday, May 14, 2014

2014 AFC Cup တွင် နှစ်,နှစ်ဆက် ရှုံးထွက်အဆင့်ဖြင့်သာ အဆုံးသတ်ခဲ့ရသည့် ရန်ကုန်ယူနိုက်တက်အသင်း

RangonNewsDaily: May . 14 .2014
2014 AFC Cup ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် အင်ဒိုနီးရှားကလပ် ပါစီပူရာအသင်းကို အဝေးကွင်းတွင် ၉-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး AFC Cup ပြိုင်ပွဲတွင် နှစ် နှစ်ဆက် ရှုံးထွက်အဆင့်ဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
ရန်ကုန်အသင်းသည် ပွဲစတင်သည်နှင့် အိမ်ရှင်အသင်းဘက်သို့ တစ်သင်းလုံး ဖိကစားခဲ့သော်လည်း အိမ်ရှင်အသင်းမှ လူကျွံထောင်ချောက်များကို ကျော်ဖြတ်ကာ ပွဲချိန် ၁၀ မိနစ် မပြည့်ခင်ပင် ဦးဆောင်ဂိုး နှစ်ဂိုး ရရှိခဲ့သည်။

အိမ်ရှင်ပါစီပူရာအသင်းအတွက် အနိုင်ဂိုးများကို ၃ မိနစ်၊ ၂၄ မိနစ်၊ ၄၁မိနစ်၊ ၄၃ မိနစ်၊ ၈၇ မိနစ်များတွင် ဘိုကေ၊ ၁၀ မိနစ်တွင် တီနာပီ၊ ၂၈မိနစ်နှင့် ၅၃ မိနစ် တွင် အိုင်ကာဘေ၊ ၅၇ မိနစ် ဘိုနီယာတို့က သွင်းယူပေးခဲ့ကြသည်။
::
ရန်ကုန်အသင်းအတွက် ချေပဂိုးနှစ်ဂိုးကို ၁၇ မိနစ်တွင် ဆီဇာ၊ ၂၁ မိနစ်တွင် ကျော်ကို ကိုတို့က သွင်းယူပေးခဲ့ကြသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်AFC Cupပြိုင်ပွဲတွင်လည်း အုပ်စုအဆင့်မှ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်နိုင်ခဲ့ပြီး ရှုံးထွက်အဆင့်တွင် အိန္ဒိယကလပ် အရှေ့ဘင်ဂေါအသင်းကို ၅-၁ ဂိုးဖြင့် ရှုံးနိမ့်သည်။ 
::
၂၀၁၄ ခုနှစ် AFC Cup တွင် ရန်ကုန်အသင်း နှင့်အတူ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်နိုင်ခဲ့သည့် နေပြည်တော်အေက်ဖ်စီအသင်းသည် မေ ၁၄ ရက်တွင် အဝေးကွင်း၌ ဗီယက်နမ်ကလပ် ဟနွိုင်း T&T အသင်းနှင့် မြန်မာစံတော်ချိန် ညနေ ၆း၀၀ နာရီ တွင် ကစားရမည် ဖြစ်သည်။

Mizzima News ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment