Pages

Wednesday, May 14, 2014

မြစ်သားနှင့် မန္တလေးပြေးဆွဲသည့် ဟိုင်းလတ်ယာဉ် တိမ်းမှောက်


RangonNewsDaily: May . 14 .2014
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်းမ တမာတန်းထိပ်တွင် မြစ်သားနှင့်မန္တလေး ပြေးဆွဲနေသည့် ဟိုင်းလတ်ယာဉ်သည် မေလ ၁၄ ရက် ညနေ ၄ နာရီ တွင် တိမ်းမှောက်ခဲ့ကာ ခရီးသည်လေးဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရသူများကို ပတ်ဝန်းကျင်က ကူညီကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာများမှာလည်း မစိုးရိမ်ရ
ဟု မျက်မြင်တွေ့သူများက ပြောသည်။
::
အဆိုပါယာဉ်တိမ်းမှောက်သောနေရာသည် လူသွားလူလာများပြီး ယာဉ်များခရီးသည်လု မောင်းနှင်ခြင်း
များကြောင့်
 ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။ :ယာဉ်တိုက်မှုဖြစ်ပွားမှုကို ပတ်ဝန်း
ကျင်က သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်းသိရသည်။

Mizzima - News ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment