Pages

Wednesday, May 14, 2014

ဒူးယားကျေးရွာတွင် ဘုရားသားတော် အပါး၅၀ တုတ်ဓားလက်နက် ကိုင်ဦးဆောင် ကာ လိုင်စင်ရ အမဲသတ်လုပ်ငန်းကို ဟန့်တားအဆိုပါ ကိစ္စ အမှုဖွင့်ခွင့်မရှိကြောင်း သက်ဆိုင်ရာရဲစခန်းကပြော

RangonNewsDaily: May . 14 .2014
ဧရာဝတီတိုင်းဒေသကြီး ဟင်္သတမြို့နယ်၊ ဒူးယားကျေးရွာတွင် ယခုလ ၇ ရက်နေ့ နံနက် ၁နာရီ ၃၀ မိနစ်အချိန်တွင် အမဲသတ်လိုင်စင်ရလုပ်ငန်းကို ဒုတ်ဓားလက်နက်ကိုင်ဆောင်ထားသည့် ဗုဒ္ဓသားတော် အပါး ၅၀ ခန့်နှင့် နောက်လိုက်စုစုပေါင်းအင်အား ၇၀ ၀န်းကျင်က ကျုးကျော်ဝင်ရောက်ကာ နွားသတ်လုပ်ငန်းမပြုလုပ်ရန်ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ သတင်းပေးပို့သည်။
“ဦးအလီခန်းလိုင်စင်ရထားတဲ့ အမဲသားသတ်ရုံကို သံဃာတွေဦးဆောင်ပြီး ဒုတ်ဓားလက်နက်အစုံနဲ့ ၀င်တာပါ။အမဲသားမသတ်ဖို့လာတားတာလို့ပြောတယ်။ ပြီးတော့ ရုံထဲက ပေါ်ထားတဲ့ အမဲသားတွေကိုလည်း ညောင်ကုန်း ဓမ္မသုခကျောင်းကို သယ်သွားတယ်”ဟု ဒေသခံတစ်ဦးက မြန်မာမွတ်စလင်မ်မီင်္ဒီယာသို့ပြောသည်။ 

စည်ပင်သာယာ၏ တရားဝင်သားသတ်လိုင်စင်ဖြင့်လုပ်ကို်င်နေသည့် ဒူးယားကျေးရွာရှိ သားသတ်ရုံသို့ ဒုတ်ဓားလက်နက်အစုံဖြင့် ၀င်ရောက်အကြမ်းဖက်ခဲ့သူများတွင်ဟင်္သတဒေသခံ ဘုန်းတော်ကြီးများ အပြင်၊ အ၀ါရောင်မျိုးဆက်သစ် ပရဟိတ လူငယ်များအဖွဲ့၊ ပာင်္သတမြို့ လူ့အခွင့်အရေးကာကွယ်မြှင့် တင်သူများအဖွဲ့ မှ ကိုကြက်သန်နှင့် ဒေသခံအချို့ပါဝင်ခဲ့ကြောင်းလည်းသိရသည်။
::
“ရဲစခန်းက ဒီကိစ္စ နဲ့ ပတ်သက်လို့ အမှုဖွင့်လို့မရဘူးလို့ပြောတယ်။ စည်ပင်ကလည်း သူတို့ဝင်ရှာတာ မဟုတ်လို့ သူတို့နဲ့မဆိုင်ဘူးလို့ ပြောတယ်”ဟုဒေသခံတစ်ဦးကပြောသည်။ 

ဇိဝိတဒါန အမည်တပ်ကာ နွားအသက်ကယ်ဆယ်ရေးလုပ်ငန်းဟု ဒေသတွင်းခေါ်ဝေါ်သည့် လှုပ်ရှားမှုတစ်ရပ်ပျံ့နှံ့လျက်ရှိပြီး ပာင်္သတ၊ ကျောင်းကုန်း၊ နတ်မော်၊ တလုပ်ထော်၊ လေးမျက်နှာ၊ ရှားခဲ၊ အထောင်၊ သောင်ကြီး စသည့်ဒေသများတွင်လည်း သားသတ်လိုင်စင်များကို အဆိုပါအဖွဲ့က လေလံဆွဲကာ အမဲသတ်လုပ်ငန်းကို ပိတ်ပင်ထားကြောင်းသိရသည်။

- ဟိန်းအောင်
(မြန်မာမွတ်စလင်မီဒီယာ) ::--
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment