Pages

Saturday, April 12, 2014

* စိတ်ဝင်စားစရာ များနဲ့  အက်သလက်တီကို အသင်း ဧ။် ချဲလ်ဆီး ဂိုးသမားလေး Thibaut Courtois *


RangonNewsDaily: April . 12 .2014
........ ချန်ပီယံ လိဂ် ဆီးမီးဖိုင်နယ် ပွဲစဉ်များ မဲခွဲပြီး နောက် ပရီးမီယားလိဂ် ဒုတိယ နေရာမှ ချဲလ်ဆီး အသင်း နင့် စပိန် လာလီဂါ
ဧ။် အမှတ်ပေးဇယား ကို ဦးဆောင်နေသည့် အက်သလက်တီကိုအသင်း တို့  ရင်ဆိုင် တွေ့ ဆုံ ကြရမည့် ပွဲတွင် စိတ်ဝင်စားစရာ
အဖြစ် ချဲလ်ဆီး အသင်းမှ အငှါးချ ထားသည့် အက်သလက်တီကိုအသင်းဧ။် အဓိက ဂိုးသမားလေး Thibaut Courtois ဧ။် အဖြစ်
က စိတ်ဝင်စားစရာ ကောင်းနေသည်။ 

........ ၂၀၁၁ ခုနစ် က ချဲလ်ဆီး အသင်းမှ အက်သလက်တီကိုအသင်းသို့  အငှါးဖြင့် သွားရောက် ကစားနေသည့် အသက် ၂၁
နစ် ရှိ ဘယ်လ်ဂျီယံ လူငယ် ဂိုးသမားလေးသည် စပိန်ကလပ် ဧ။်အဓိက ဂိုးသမား အဖြစ် နေရာယူထားသည့် အပြင် စပိန်ကလပ်
အား ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် နင့် လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးနေရာအား သိမ်းပိုက်ထားရတွင် အဓိက နေရာမှ ပါဝင်
ပေးနေသူ ဖြစ်သည်။

......... ချဲလ်ဆီး အသင်းဧ။် အမှုဆောင်အရာရှိ Ron Gourlay ကချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ပွဲစဉ်တွင် အဆိုပါ ဂိုးသမားလေး ပါ
ဝင်ကစားနိုင်ကြောင်း ပြောကြားထားသော်လည်း အငှါးချ ခဲ့စဉ်တုန်းက စာချုပ် အရ အဆိုပါ ဂိုးသမားလေး အား မိခင်ကလပ် 
နင့် တွေ့ ဆုံရာတွင် အသုံးပြုလိုပါက စပိန်ကလပ် အနေဖြင့် ပေါင်၅ သန်း ပေးချေရမည် ဖြစ်ကြောင်း ပါဝင်သဖြင့် အက်သလက်တီ
ကို အနေဖြင့် အဆိုပါ စာချုပ်ပါ အတိုင်း ပေါင် ၅ သန်း လျော်ကြေးပေးပြီး ၄င်း တို့ ဧ။် အဓိက ဂိုးသမားလေး အား ပွဲကစားခွင့် ပေး
မည်လော ဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်နေသည်။

Football Café , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment