Pages

Saturday, April 12, 2014

အိန္ဒိယတတိယနေ့ ရွေးကောက်ပွဲမှာ လူပေါင်းသန်းနဲ့ချီ မဲပေးခဲ့ကြ


RangonNewsDaily: April . 12 .2014
အိန္ဒိယနိုင်ငံက အထွေထွေ ရွေးကောက်ပွဲကျင်းပတဲ့ တတိယမြောက်နေ့မှာ လူပေါင်း သန်းနဲ့ချီ သွားရောက်မဲပေးခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံ ဒေလီမြို့အတွင်းမှာပဲ မဲပေးပိုင်ခွင့်ရှိသူ ဆယ့်နှစ်သန်းရှိတယ်လို့ ရွေး ကောက် ပွဲ ကော်မရှင်က ပြောပါတယ်။
ဟိန္ဒူ အတိုက်အခံ ပါတီ ခေါင်းဆောင် Narendra Modi နဲ့ သူရဲ့ Bharatiya Janata ပါတီကတော့ အခု ကျင်းပ ပြုလုပ် နေတဲ့ ရွေးကောက် ပွဲ ကနေ အိန္ဒိယ အမျိုးသား ကွန်ကရက် ပါတီကို ဖြုတ်ချ နိုင်လိမ့် မယ်လို့ မျှော်လင့် နေပါတယ်။

အိန္ဒိယနိုင်ငံ တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲ အတွင်း မဲပေးဖို့ မှတ်ပုံထင်ထား တဲ့လူပေါင်း ၈၁၅ သန်း ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။


အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲကို ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲလို့ တင်စားခေါ်ဝေါ်ကြပြီးတော့ ဧပြီလ ၇ရက်နေ့ တနင်္လာနေ့ ကတည်း ကစတင်ခဲ့တာဖြစ်ပြီး မေလ ၁၂ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။


ရွေးကောက်ပွဲ ရလဒ်တွေ ကိုတော့ မေလ ၁၆ရက်နေ့မှာ နောက်ဆုံးထားပြီး ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ABC News, 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment