Pages

Saturday, April 12, 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်ယာဉ်အန္တရာယ်ဖြစ်စေရန်ကွန်ကရစ်အပိုင်း အစများချထားသူအရေးယူ


RangonNewsDaily: April . 12 .2014
၂၀၁၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း

မပေါ်၌ လူတစ်ဦးကွန်ကရစ်အပိုင်းအစများချထားကြောင်းသတင်းအရ 
သာဂရအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ရန်ကုန်
-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈၃/၆-၇)ကြား၊ နေပြည်တော်မှရန်ကုန်သို့သွားလမ်းမပေါ်တွင် ကွန်ကရစ်အပိုင်းအစတုံး
များ ချထားသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းရာ


ရေငန်းမြောင်ကျေးရွာသို့ ခေတ္တလာရောက်နေထိုင်သူ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပေါကံ္ကရွာနေ အောင်ဇော်မြင့်
(ခ)ဖိုးခွါး(၂၉)နှစ်မှ ချထားခြင်းဖြစ်ကြောင်းသိရှိရ၍၎င်းအား သာဂရ အမြန်လမ်းရဲစခန်း (ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၄၀ ဖြင့်လည်း
ကောင်း၊ ရဲရေးမပိုင်မှုအမှတ်စဉ်(၃၉/၂၀၁၄)၊ အမြန်လမ်းမကြီး ဥပဒေပုဒ်မ ၉(ဂ) ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေး
ယူထားကြောင်းသတင်းရရှိသည်။

ရဲဇာနည် ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment