Pages

Saturday, April 12, 2014

အရောင်း အဝယ်နှင့် စလစ် ဈေးနှုန်း များ ပြန်လည် မြင့်တက် လာတဲ့ '၁က' အက္ခရာ တန်း ကားများ


RangonNewsDaily: April . 12 .2014
ရန်ကုန်မြို့ ကား ဈေးကွက် အတွင်း အက္ခရာ နိမ့် ကား အမျိုးအစား တစ်ခု ဖြစ်သည့် ၁က အက္ခရာ တန်း ကားများ မှာ လက်ရှိ အချိန် တွင် ဈေးနှုန်း များ ပြန်လည် မြင့်တက် လာပြီး အဆိုပါ ကားများ ၏ စလစ် ဈေးနှုန်း များမှာ လည်း ပြန်လည် မြင့်တက် လာလျက် ရှိကြောင်း ကားဝယ် ရောင်း သမားများ ထံမှ သိရ သည်။
၁က အက္ခရာ တန်းများ မှာ လက်ရှိ အချိန်တွင် ငွေကျပ် သိန်း ၈ဝ မှ သိန်း ၉ဝ အထိ ဈေးနှုန်း များ ဖြစ်ပေါ် နေပြီး စလစ် ဈေးနှုန်း များမှာ လည်း ငွေကျပ် သိန်းတစ်ရာ နီးပါး အထိ မြင့်တက် လာလျက် ရှိကြောင်း ကားဝယ်ရောင်း သမား တစ်ဦး က ပြောပြ ခဲ့သည်။

''အခု ရန်ကုန် ကား ဈေးကွက် ထဲမှာတော့ ကား ဈေးတွေက တည်ငြိမ် နေတယ် ဆိုပေမယ့် လည်း ကားဟောင်း အပ်နှံ မယ့် ကား အက္ခရာ ဖြစ်တဲ့ ''၁က'' အက္ခရာ တန်း တွေက အရောင်း အဝယ်ရော ဈေးနှုန်း ပါ အကောင်း ဆုံးလို့ ပြောလို့ ရနေပြီ။ ဈေးနှုန်း တွေက အခု သိန်း ၈ဝ ကနေ သိန်း ၉ဝ အထိ ပေါက်နေ တယ်။ ဒါတောင် ရောင်းမယ့် သူက ရှားနေ ပြီး ဝယ် ချင်တဲ့ သူက များနေ တယ်'' ဟု ကားဝယ် ရောင်း သမား တစ်ဦး က ပြောပြ ခဲ့သည်။


ကားဟောင်း အပ်ကာ ကားသစ် တင်သွင်း မည် ဆိုပါက ယခင် ကာလများ ထက် တင်သွင်း ရာ တွင် ဈေးနှုန်း များ သက်သာ နေပြီ ဖြစ် သည့် အတွက် ကားသစ် တင်သွင်း လိုသည့် ယာဉ် ပိုင်ရှင်များ မှာ လည်း ပိုမို များပြား လာကြောင်း ၎င်းက သုံးသပ် ပြောကြား ခဲ့ သည်။ 


ယခုအခါ ကား တင်သွင်း သည့် အချိန်တွင် ပေးသွင်း ရသည့် အခွန် သုံးမျိုး အနက် မှ ကုန်းလမ်း ပို့ဆောင်ရေး နှင့် ညွှန်ကြား မှု ဦးစီး ဌာန က အခွန် လျှော့ချ ပေးလိုက် သည့် အတွက် ကား တင်သွင်းရာ တွင် ကုန်ကျ စရိတ်မှာ လျော့နည်း သွားရ ခြင်း ဖြစ်ကြောင်း သိရ သည်။

ဘတ်စကား ခရီးသည် တင် ယာဉ်များ တင်သွင်း မည် ဆိုပါက ယာဉ်မောင်း သူ အပါ အဝင် ၁ဝ ဦး နှင့် အထက် (Bus, Mini Bus, Micro Bus) ကို ၅ ရာခိုင်နှုန်း သတ်မှတ် ထားပြီး တခြား ယာဉ် အမျိုးအစား ဖြစ်သည့် ကုန်တင် ယာဉ်များ၊ လုပ်ငန်း သုံး ယာဉ်များ ကို ၅ ရာခိုင် နှုန်း (Pick Up, (Single Cab, Extended Cab, Open Cab) Light Truck, Truck, Dumper, Tanker, Box Truck, Refrigerrated Van, Crane Truck, Tractor Head) တို့ ဖြစ်ကာ လူ နှင့် ကုန် နှစ်မျိုး သုံး ယာဉ်များ တင်သွင်း မည် ဆိုပါက (Pick Up Double Cab) ၄ဝ ရာခိုင် နှုန်း ပေးသွင်း ရကြောင်း သိရ သည်။

Golden Land Myanmar , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment